Missing you (Part 11)

741 44 1
                                    

Missing you ...( Part 11)

" Gulf အားလုံး စုံပြီနော် "

" အင်း MEW ရပြီ သွားစို့ "

တစ်ရက်နှစ်ရက်လောက် ကြာတော့
ဒီနေ့ Gulf ဆေးရုံက ဆင်းခွင့်ရခဲ့တယ် ..

လက်တဖက်က  Gulf ကို ဆွဲပြီး
လက်တဖက်က Gulf ရဲ့ ပစ္စည်းပစ္စယာတွေ ထည့်ထားတဲ့ အိတ်လေးကို MEW ကိုင်ပြီး ဆေးရုံက ထွက်လာခဲ့ကြတယ် ..

" MEW အိမ်ရောက်ရင် ငါ ဒီလိုဖြစ်တာ
အစ်မကို ပြောမနေပါနဲ့နော် "

" အင်း ဒီအကြောင်းမပြောပါဘူး "

MEWစကားက ဘာပါလိမ့်
ဒီအကြောင်းတော့ မပြောဘူးဆိုတော့
သူ ဘာအကြောင်းများ
ပြောမလို့ပါလိမ့် .. MEW ကို ကြည့်ပြီး
Gulf အတွေးများသွားတယ်

Gulf တို့ အိမ်ရောက်တာနဲ့ MEW တို့
ခပ်တည်တည် နေလိုက်ကြတယ် ..

" ဟော MEW ဘယ်ကနေဘယ်လို
Gulfနဲ့ တွေ့လာတာလည်း  "

အတူတူ အိမ်ထဲဝင်လာကြတဲ့ သူတို့
နှစ်ယောက်ကို  ခွန်မိုင် လှမ်းမေးလိုက်တယ် ..

" သူ့အလုပ်ကို ကျ‌တော်လိုက်သွားလို့အစ်မ"

MEW ကပဲ အရင်ဦးအောင်
ပြောလိုက်တယ် ..

" အဲလိုမှပဲ ဖြစ်မှာ  Gulf အိမ်ပြန်မလာတာ
ကြာနေပြီလေ အလုပ်မှာပဲ ရှိနေတာ ..
အခုရော အလုပ်ပြန်သွားရမှာလား Gulf "

" မသွားရဘူး အစ်မ  ကျတော် နားမလို့ "

" အစ်မခွန်မိုင် ကျတော် Gulfကို
လက်ထပ်ချင်လို့ခွင့်ပြုပေးပါ "

" ဟေ !! !   "

အိမ်ထဲ Gulf နဲ့ အတူတူ ဝင်လာပြီး ရုတ်တရက် MEW ပြောလိုက်တဲ့
စကားကြောင့် ခွန်မိုင် အံ့အားသင့်ပြီး 
ဟေ ! ဆိုတဲ့ စကားတစ်လုံးသာ ဆိုနိုင်
တော့တယ် ..

ဆေးရုံကဆင်းလာပေမယ့် သွင်းထားတဲ့
ဆေးအရှိန်နဲ့ဆိုတော့ Gulf  ပြန်ပြီး
အိပ်ငိုက်နေတာ ..
MEW ပြောလိုက်တဲ့စကားကြောင့်
အိပ်ငိုက်နေတဲ့စိတ်တောင် လန့်ဖြန့်
သွားတော့တယ် ..

" MEW "

" ဟုတ်တယ် Gulf ငါတို့ လက်ထပ်ရအောင်
ဒီထက် အချိန်တွေ ထပ်မဆွဲချင်တော့ဘူး ..
အိမ်လည်း ပြီးသလောက် ‌ဖြစ်နေပြီဆိုတော့
ငါတို့ လက်ထပ်ပြီးတာနဲ့ အတော်ပဲ ဖြစ်မှာပါ

missing youWhere stories live. Discover now