Missing you (Part 6)

687 52 2
                                    

Missing you ...( Part 6 )

အလုပ်နားရက်ဖြစ်တာနဲ့  Tar အိမ်မှာပဲ အလုပ်လုပ်နေလိုက်တယ် ..

ခြေတံရှည် အိမ်ဖြစ်တာကြောင့် Tar တို့
အလုပ်စားပွဲနဲ့ ထမင်းစားခန်းကို
အောက်ထပ်ပဲထားခဲ့လိုက်တယ် ..

ခွန်မိုင်က ဈေးသွား သူ့အစ်ကို Gulf ကလည်း
No နဲ့ အပြင်ထွက်သွားတော့ တယောက်ထဲ
အိမ်မှာ Ter ကျန်ခဲ့တော့တယ် .

ပုံဆွဲနေရင်း ညောင်းလာတာနဲ့
Tar အညောင်းဖြေလိုက်တယ် ..
ပုံဆွဲ ခဲတံကို လက်က ချပြီး 
သူအလုပ်လုပ်တဲ့ကုမ္ပဏီက MEW တို့ကုမ္ပဏီဆိုတာ ပြောပြရင်ကောင်းမလားလို့ Tar စဉ်းစားနေမိတယ် ..

နောက်မှ သူ့အစ်ကို သိသွားရင်လည်း
မကောင်းအခု ‌သူပြောလိုက်လို့ သူ့အစ်ကို စိတ်ဒဏ်ရာ ပြန်ပေါ်လာမှာလည်း
Tar စိုးရိမ်မိတယ် ..

" Tar မနက်စာ စားပြီးပြီလား "

" ဟုတ် အစ်မ "

ဆိုင်သိမ်းပြီး ဈေးက ပြန်လာတဲ့ ခွန်မိုင် Tarကိုလှမ်းမေးလိုက်တယ် ..

ခြံတံခါးလေး ဖွင့်ပြီး အိမ်ထဲဝင်လာတဲ့
ခွန်မိုင်ရဲ့ Tar လက်ထဲက ခြင်းတောင်းကို လှမ်းယူလိုက်တယ် ..

" ဟင်းချက်လိုက်အုန်းမယ် နင်
အပြင်မသွာဘူးလား  "

အလုပ်သွားရက်ဆို အလုပ်သွား နားရက်ဆို
အိမ်မှာပဲ အမြဲကပ်နေတတ်တဲ့ သူ့မောင်‌ကို
ခွန်‌မိုင် အံ့ဩမိတယ် ..

နှစ်ဆယ်ကျော်အစိတ် အသက်ပတ်ဝန်းကျင်
ရှိတဲ့ ကောင်လေးတစ်ယောက်ကအပျော်အပါးသိပ်ပြီး မရှိတာ သူ
ထူးဆန်းမိတယ် ..

အရင်ကတော့ ကိုယ်တွေက အပြည့်မစုံနဲ့
စားဝတ်နေရေးသာ အဓိကထားနေရတော့
အစ်မဖြစ်ပေမယ့် သူတို့လိုအပ်ချက်ကို
ပြည့်စုံအောင် ခွန်မိုင် မဖြည့်စည်းပေးနိုင်
ခဲ့တာ ..

အခုလို သူတို့လည်း သူ့တို့အလုပ်အကိုင်နဲ့
အတည်တကျလေး ပြည့်စုံလာတော့ သူတို့ကို
တခြား လူငယ်‌‌တွေလိုပျော်ပျော်ရွင်ရွင်နဲ့
ခွန်မိုင် နေစေချင်မိတယ် ..

တစ်နေကုန် အိမိကပ်ပြီး ဘယ်မှလည်း
မသွားမလာနဲ့  ဘယ်လို လူငယ်တွေ
မှန်းမသိတော့

missing youWhere stories live. Discover now