Missing you ( Part 2)

597 45 3
                                    

Missing you ...(Part 2 )

Lhong တို့ ဆိုင်မှာ ထိုင်နေရင်း
MEW စိတ်တွေက
အပြင်ကို လွင့် နေရတယ် ..

Gulf ဆိုတဲ့ တယောက်နဲ့ တွေ့ချင်လို့
သူ နေ့တိုင်းအဲဒီပတ်ဝန်းကျင်ကို
သွားရှာပေမယ်
MEW မောတာပဲ အဖတ်တင်ခဲ့တယ် ..

Gulf ကို တော့ အရိပ်အယောင်တောင်
မတွေ့ခဲ့ရ

အဲလိုဖြစ်လေ MEW စိတ်ထဲ ရှေ့တိုးချင်တဲ့
စိတ်က  မရိုးမရွ ဖြစ်လေ ဖြစ်နေရတယ် ..

သိချင်တဲ့ အကြောင်းအရာကို MEWဒီလို
လွယ်လွယ်နဲ့ အရှုံးမပေးချင်..

ထိုအချိန်မှာပဲ စာပွဲထိုးကောင်လေး
MEW အရှေ့ကို ခေါက်ဆွဲပန်းကန်
လာချပေးလိုက်တယ် ..
သု့အရှေ့ ရောက်လာတဲ့ ဝန်ထမ်းလေးကို
MEW လိုက်ကြည့်ရင်း တခုခုကို စဉ်းစား
နေမိတယ် ..

" MEW မင်း အဲဒီခေါင်ဆွဲပန်းကန်ကို
မွှေနေတာကြာနေပြီနော် ..

ဘယ်လိုကောင်မှန်းမသိဘူး
အရက်ဘား လာပြီး
ခေါက်ဆွဲ လာချက်ခိုင်းရတယ်လို့ "

" ဟာ ဟုတ်သားပဲ "

MEWအခုမှ တွေးမိပြီး ဘားကောင်တာကို
သူ့လက်နဲ့ ရိုက်ပုတ်လိုက်တယ် . 

" ဟ ! ဘာတုန်း လန့်လိုက်တာကွာ "

" သန့်စင်ခန်း ခဏ သွားလိုက်အုန်းမယ်ကွာ "

ပြောပြောဆိုဆို ဆိုင်အနောက်ဘက်ကို
MEW ဝင်လာခဲ့လိုက် တော့တယ် ..

ဒီကောင်တော့  ဒီနေ့ ဘာတွေဖြစ်နေမှန်း
မသိဘူး ဆိုတဲ့ အတွေးနဲ့  MEW ကို
Lhong လိုက်ကြည့် လိုက်မိတယ် ..

ဆိုင်အနောက်ဘက်ကို ဝင်လာပြီး
MEW ဟိုဒီခေါင်းငဲ့ ကြည့်လိုက်မိတယ် ..

သူကို ဒီဆိုင်သူဌေးရဲ့ သူငယ်ချင်းဆိုတာ
သိနေတော့ အလုပ်သမားတွေက ကွက်ကြည့် ကွက်ကြည့်နဲ့ စပ်စုနေတော့တယ် ..

" အပြင်မှာ ဘာတွေ ဖြစ်နေတာလည်း No "

" ဘာမဟုတ်ပါဘူး chief ရာ
သူဌေးသူငယ်ချင်းအနောက်ဘက် ဝင်လာလို့  ကောင်မလေးတွေ လေ သိတယ်မလား "

" အော် ! "

စာဖိုမှုးနဲ့ No တို့ ပြောနေတာကို ကြားတဲ့
Gulf  တစ်ယောက် သူ အခွံနွှာနေတဲ့ အာလူး‌တွေသဲကြီးမဲကြီး ခေါင်းငုံ့ပြီး
နွှာလိုက်တယ် ..

missing youWhere stories live. Discover now