Missing you (Part 3)

572 44 6
                                    


Missing you..(Part 3)

" Gulf ဘယ်လိုနေသေးလည်း
သက်သာရဲ့လား"

" အင်း သက်သာပါတယ် "

" ခဏနော် ကိုယ် သန့်စင်ခန်း .. "

" ရပါတယ် သွားလေ "

Gulf ကို ထားခဲ့ပြီး
MEW ဆိုင်ထဲဝင်လာခဲ့တယ်

" P'Thor "

" ဘယ်လိုဖြစ်ပြီး ရောက်လာတာလည်း
ခုနက ကိုထွဋ်ပြောတယ်..
မင်းသူငယ်ချင်းပါလာတယ်ဆို  ဒီတစ်ခါ မိန်းကလေး အဖော် မဟုတ်ဘူးလား .. "

ဆိုင်ထဲဝင်လာတဲ့ သူ့ ညီဝမ်းကွဲ MEWကို
Thor လှမ်းမေးလိုက်တယ် ..

ခါတိုင်းဆို မိန်းကလေးတွေ တစ်ယောက်ပြီး
တ‌စ်ယောက်နဲ့   ဆိုင်ကို ရောက်လာ 
ပြီးတော့ ကြွားဝါးတဲ့စိတ် MEW မှာ မရှိ
မပြောတတ်ပေမယ့်  သူ့ကိုယ့်သူဆရာကြီးလိုလို  ဂုဏ်ဖော် ပြောလိုက်ရတာအမော ..

ဒီတခါတော့ အတူလာတဲ့သူက
ယောက်ျားလေးပြီးတော့  သိုသိုဝှက်ဝှက်နဲ့ MEW တယောက်
ဘာ ဇာတ်လမ်းတွေ ရေးနေမှန်းမသိတော့ ..

"ဒီလိုပါပဲ သူငယ်ချင်းက နေမကောင်းလို့
ခဏ ခေါ်လာတာ "

" ဪ ဪ  "

Thor ရဲ့ ဪ ဆိုတဲ့ အသံက
သူ့ကို မယုံမှန်း
MEW သိပြီး ရယ်လိုက်မိတယ် ..

"MEW မင်း မကြာခင် 
နိုင်ငံခြားသွားရတော့‌မှာနော် တခုခု ပြသာနာ
ဖြစ်လို့ ကောင်းတာမဟုတ်ဘူး "

Thor သူ့ညီကို သတိပေးလိုက်မိတယ်  ..

သားတစ်ယောက်ထဲလည်းဖြစ်ပြန်
မိဘတွေကဖူးဖူးမှုတ်ထားတော့ တခါတလေ MEW ဟာ ဇွတ်တိုးပြီး လုပ်ချင်ရာ
လုပ်တတ်တဲ့ ဉာဏ်ဆိုးရှိတတ်သူတယောက်

MEW မျက်လုံးထဲမှာ သူတခါမှ မတွေ့ဘူးတဲ့
အရိပ်အယောင် အငွေ့အသက်တွေ
တွေ့လိုက်ရလို့ အကိုတစ်ယောက်အနေနဲ့ Thor သတိပေးလိုက်မိတယ် ..

" ဟုတ်ကဲ့ပါ P'Thor"

P'Thor စကားကိုတော့ MEW လေးလေးစားစားနဲ့
ခေါင်းညိတ်ပြလိုက်တယ် ..

" ကျတော် သွားလိုက်အုန်းမယ် P' "

MEW ထွက်သွားတဲ့ အနောက်ကို
Thor လိုက်ပြီး
မသိမသာ ကြည့်လိုက်မိတယ် ..

missing youWhere stories live. Discover now