Missing you ( Part 7)

744 50 3
                                    

Missing you ...( Part 7 )

ဟိုတစ်ခါ အဝေးကနေ ကြည့်ခဲ့ရတဲ့ Gulf တို့
အိမ်လေးရှိရာကို MEW တစ်ခေါက် ထပ်ပြီးရောက်လာပြန်တယ် ..

ခြံဝန်းတံခါးအရှေ့မှာ ရပ်ရင်း အိမ်ထဲကို MEW လှမ်းမျှော်ကြည့်လိုက်မိတယ် ..

" ဘယ်သူနဲ့တွေ့ချင်လို့လည်း  "

ခြံတံခါးနား Gulf နဲ့ အသက်မတိမ်းမယိမ်း
လူရွယ်တယောက် အိမ်ထဲ လှမ်းကြည့်
နေတာနဲ့ ပန်းပင်တွေ ရှင်းနေရင်း
ခွန်မိုင် လှမ်းမေးလိုက်တယ် ..

ရုတ်တရက် ခြံစည်းရိုးနား ပန်းခြုံအနားကနေ
လူတယောက် ထွက်လာတာ မြင်လိုက်ရတော့
MEW လန့်သွားရတယ် ..

" အော် မဂ်လာပါ အစ်မ
ကျတော် Gulf နဲ့တွေ့ချင်လို့ပါ .."

ဒီနေ့က ရုံးပိတ် ဈေးပိတ်ဆိုတော့ အိမ်မှာ
ခွန်မိုင်တို့ မောင်နှမတွေ လူစုံနေကြတယ် ..

" Gulf သူငယ်ချင်းလား ရှိတယ် ..
ခဏ အမ လက်ဆေးလိုက်အုန်းမယ် "

ခွန်မိုင် လက်တွေဆေးပြီး ခြံတံခါး
ဖွင့်ပေးလိုက်တယ် .

" လာ အထဲဝင် အိမ်ထဲမှာ Gulfတို့
ညီအစ်ကို ရှိတယ် "

ခွန်မိုင်လက်ဆေးရင်း Gulf သူငယ်ချင်းဆိုတဲ့
တစ်ယောက်ကို  သူ အကဲခပ်လိုက်မိတယ် . 

Gulf မှာ No ကလွဲပြီးသူငယ်ချင်း
ရှိသေးတာလား
အရပ်မြင့်မြင့် နဲ့ ကြည့်ကောင်းတာကြောင့်
ခွန်မိုင် မျက်နှာမလွဲနိုင်ပဲ သဘောကျ
သွားရတယ်

ပုံစံကြည့်ရတာတော့ သူတို့ထက် ပြည့်စုံပုံ ..

သူကိုယ်တိုင်က အဝတ်အစားအထည်အလိပ်
ဆိုင်ဖွင့်ထားသူတယောက်ဆိုတော့
MEW အဝတ်အစား အသုံးအဆောင်တွေက
တကယ်ကို တန်ဖိုးမနည်းတဲ့ အကောင်းစား
ဆိုတာ ခွန်မိုင် သိလိုက်မိတယ် . 

" လာ မောင်လေး ထိုင်အုန်း
Gulf ဘယ်ရောက်သွားပါလိမ် အပေါ်များ
တက်သွားလားမသိဘူး"

အောက်ထပ် ဧည့်ခန်းမှာ ဝင်ထိုင်ပြီး
MEW အိမ်ထဲကို လှည့်ပတ်ကြည့်လိုက်တယ်

ပရိဘောကအများအစားတော့မရှိ ..

ဧည့်ခန်းမှာ ဆက်တီစာပွဲကုလားထိုင် . 
ခပ်လှမ်းလှမ်းနေရာမှာတော့ အလုပ်စားပွဲလို
စာပွဲခုံနဲ့ ထိုင်ခုံ  ..
ပြီးတော့ အထည်ထုပ်လိုလိုပိတ်စထုပ်တွေ
အစီအရီ ချထားတာ  MEW တွေ့လိုက်
ရတယ်

missing youWhere stories live. Discover now