Missing you (Part 8)

804 46 1
                                    

Missing you ...( Part 8 )

ဖျတ်ခနဲ့ နိုးလာတာနဲ့ Gulf ဘေးဝဲယာကို
လှည့်ပတ် ကြည့်လိုက်မိတယ် ..

" ဆရာမ  ဆရာမ ..
ကားတိုက်မိတဲ့တစ်ယောက် ဘယ်လို "

သူ့ကုတင်ဘေးမှာ ရပ်နေတဲ့ ဆရာမလေးကို
Gulf  လှမ်းမေးလိုက်တယ် ..

" အော် ရှင် သတိရပြီးလား .. "

" ဟုတ် ကျတော်က ဘာဖြစ်သွားတာလည်း "

" လန့်ပြီး သတိလစ်သွားတာပါ
ဘာမှမဖြစ်ပါဘူး
ဟို ကားတိုက်မိတဲ့ တစ်ယောက်လည်း
အရမ်း မစိုးရိမ်ရပါဘူး ..

လမ်းနဲ့ စောင့်မိလို့ ခေါင်းချုပ်လိုက်ရတယ် 
ပြီးတော့ သူ့ဗိုက်မှာ ခြစ်မိသွားလို့ 
ဒဏ်ရာရသွားတယ် ..
သတိတော့မရသေးဘူး ဟိုဘက်ခန်းမှာ .. "

" ကျတော် သွားလို့ရမလား "

" ရပါတယ်  ရှင်က သူနဲ့ ဘာတော်လဲ "

" ကျတော် သူ့မိတ်ဆွေပါ "

" ဒီမှာ ဟိုလူနာရှင်ရဲ့ ဖုန်းနဲ့ပိုက်ဆံအိတ်  ..
သူ့ အိမ်ကို ရှင် ဆက်သွယ်လိုက်ပါအုန်း  "

သူနာပြုဆရာမလေး လှမ်းပေးတဲ့  
MEWဖုန်းနဲ့ ပိုက်ဆံအိတ်ကို Gulf လှမ်းယူပြီး
တစ်ဖက်က အခန်းကို လာခဲ့လိုက်တယ် ..

ခေါင်းမှာ ပတ်တီးအဖွေးသား
ဝမ်းဗိုက်မှာလည်းပတ်တီးစည်းထားပြီး သတိမေ့နေဆဲ ဖြစ်တဲ့ MEW ကို
လူနာကုတင်ပေါ်မှာ Gulf  တွေ့လိုက်ရတယ် ..

Gulf ကုတင်နား လျှောက်သွားပြီး
MEW လက်ကို
ဆုပ်ကိုင်ထားလိုက်မိတယ် ..

MEW မင်းဘာလို့ ကိုယ့်အသက်ကို  ..

ဒဏ်ရာဒဏ်ချက်တွေနဲ့ MEW ကိုကြည့်ပြီး
Gulf ရင်ထဲစို့တက်လာရတော့တယ် ..

MEW ပြောတာကို Gulf ယုံပါတယ် ..
ဒါပေမယ့်  MEW နဲ့ သူတို့အခြေအနေက
ဝေးကွာလွန်းတယ် ..

နောက်တခါ Gulf နာကျင်ရမှာ
ကြောက်သွားပြီ

အဲဒါကြောင့်လည်း သူ့အနားကနေ
MEW ကို အတင်း တွန်းထုတ်နေမိတာ ..

အစ်မတို့ရှေ့မှာသာ ဘာမှမဖြစ်သလို 
ဟန်ဆောင်နေရတာ Gulf ပင်ပန်းလှပြီ ..

missing youWhere stories live. Discover now