Missing you (Part 4)

571 49 2
                                    

Missing you ...( Part 4 )

" ဝူးး  ကျွီ ..."

ဆိုင်အရှေ့ကို ကားစက်သံပြင်းပြင်း
ဘရိတ်သံကျယ်‌ကျယ်လောင်လောင်နဲ့
ထိုးရပ်လိုက်တဲ့ ကားသံကြောင့်
Lhong အပြင်ဘက်ကို ထွက်ကြည့်
လိုက်မိတယ် ..

" MEW "

" Lhong မင်း ဝန်ထမ်းတွေထဲမှာ
Gulf ဆိုတာ ရှိတယ်မလား "

အစမရှိ မေးလိုက်တဲ့ MEW စကားကို Lhongကြောင်အမ်းအမ်း  ဖြစ်သွားတယ် ..

" Gulf Kanawut  ဆိုတဲ့ ဝန်ထမ်း
ရှိလားလို့ မေးနေတာ "

" သူ အလုပ်ထွက်သွားပြီ "

" ဘာ ဘယ်လို ဘယ်တုန်းကလဲ "

" မနက်ကပဲ သူ အလုပ်နားတော့မယ်ဆိုတာ
ပြောပြီး သူ့ပစ္စည်းတွေ သိမ်းဆည်း
သွားတာပဲ "

" ဟာကွာ !!  တောက်  ..

အသဲအသန် MEW ဘာတွေဖြစ်လာတာလဲ

" MEW ဘာဖြစ်လို့လည်း "

" Lhong မင်း သူ့ အိမ်လိပ်စာ သိလား "

" ငါက သူတို့ ID လောက်ပဲ ယူထားတာ ..
သူ့လုပ်ဖော်ကိုင်ဖက်တွေများ သိမလား
မသိဘူးနေအုန်း ငါ မေးကြည့်လိုက်မယ် "

No ကို ခေါ်ပြီး MEW တို့
မေးကြည့်လိုက်မိတယ်

" ကျတော်လည်း သိပ်မသိဘူး
.... မြို့နယ် နားမှာနေတယ်လို့တော့
Gulf ပြောဘူးတယ် .. "

No ပြောတဲ့ နေရာကိုတော့ MEW လည်း
သိတာပေါ့ ..

ဟိုတခါ  သူတို့ညီအစ်ကိုကိုတောင်
သူ လိုက်ပို့ခဲ့သေးတာ  ..

" ကျေးဇူးပဲနော် "

" Lhong ငါ သွားမယ်  နောက်မှ ပြောမယ် "

MEW သူ့ကားကို ဆိုင်ရှေ့ကနေ
ပြန်မောင်းထွက်လာခဲ့တော့တယ် ..

Gulf နဲ့ ဘာကိစ္စတွေများ ရှိလို့ ဒီလောက်
ဖြစ်နေရတာလည်း  ..
Gulf  အလုပ်ထွက်တာ No လည်း ဒီနေ့မှ
သိရတာ
ဘာဖြစ်လဲ မေးတော့လည်း Gulf က ဘာမှ
တိတိကျကျ သူ့ကို ပြောတာမဟုတ်တော့ ..
No လည်း ဘာဆို ဘာမှ မသိတယ် . 

အခု သူတို့ဆိုင်သူဌေးရဲ့ သူငယ်ချင်းပုံစံကို
ကြည့်ရတာ Gulf နဲ့  ဇာတ်လမ်းတခုခုတော့
ရှိလောက်တဲ့ ပုံစံမျိုး
Gulf ကို သာမန် လာမေးတာမျိုးမဟုတ်ပဲ
မတွေ့မဖြစ်ကို တွေ့ချင်နေတဲ့ပုံစံမျိုး ..

missing youWhere stories live. Discover now