𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝙾𝚗𝚎

1.3K 72 3
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

အဲဒီနှစ်ကာလတွေတုန်းက ကိုယ်ကအချစ်ကိုဆာလောင်မွတ်သိပ်နေခဲ့တာပေါ့...အချစ်ကဘာလဲဘယ်လဲ နာကျင်စေလား၊ချမ်းမြေ့စေသလား မသိတောင် မြည်းစမ်းချင်စိတ်၊အာသီသဖြစ်မှုတွေနဲ့ အရမ်းကို တက်ကြွနေခဲ့တာလေ

                             ☁

'ဒီတခါတင်ပေးမယ့် သီချင်းကအားလုံးလည်းသိပြီးသား beautiful in whiteပေါ့နော် စော်မရှိဘဲမရှိတွေနဲ့နည်းနည်းမှကို မဆိုင်တာမို့ ဖွင့်ကြည့်ပြီး တခုခုဖြစ်ရင်တာဝန်မယူပါ'

အမလေး...လေး...။ကြီးကြီးကျယ်ကျယ်ဟာတွေ။ကိုယ်ဘာသာကိုယ်သီချင်းဘာသာပြန်စရာရှိမပြန်ဘူး
သူဘာသာအေးအေးဆေးဆေးနေ,နေတဲ့ Singleတွေကို ပုတ်ခတ်နေသေးတယ်။
ငါတို့ကလည်း ကြည့်ချင်မနေပါဘူးနော်...
နှုတ်ခမ်းကိုမဲ့ရင်း postကို angry reactပေးလိုက်ကာ မြန်မြန်ကျော်ချပစ်လိုက်တယ်။ကျက်သရေတုံးလွန်းလို့။

'ဘဝကြီးကနေဖို့်တောင်မကောင်းတော့ဘူး အကုန်လုံးကအဆုိးတွေကိုပဲ ဦးတည်နေကြတာ လောဘတွေမောဟတွေနဲ့ ဟူး....

Friend listထဲကကောင်မလေးတစ်ယောက်တင်ထားတဲ့ post။ ဟုတ်တာပေါ့ လူ့အသိုင်းအဝိုင်းကြီးက တဖြည်းဖြည်းစိတ်ပျက်ဖို့ကောင်းလာတာတော့အမှန်ပဲ။social mediaပေါ်မှာဆိုပိုဆိုး။တစ်ယောက်ယောက်ရဲ့မကောင်းတဲ့အချက်တစ်ခုပေါ်လာပြီဆို ဟုတ်သည်ရှိမဟုတ်သည်ရှိ ဆိုင်ဆိုင်မဆိုင်ဆိုင်ဝင်ဆဲလိုက်ကြ၊ဝင်ယောင်လိုက်ကြနဲ့။တကယ်ဆိုရင်တော့လည်း ကိစ္စမရှိဘူးပေါ့။အဲ...မဟုတ်တော့ဘူး၊အမှားကြီးလည်းဆိုရော ဆဲခဲ့သမျှ၊ပြောခဲ့သမျှလူတွေက အလျှိုလျှိုပျောက်ကုန်ကြရော။အဆဲခံရတဲ့လူကပဲ ဟက်ကော့ကြီး ရစရာမရှိဘဲ ကျန်ခဲ့တာ။
Sad reactပေးမယ်ပြင်ပြီးမှ see moreတွေ့လို့ ဘာတွေများထပ်ရေးထားသလဲသိချင်လို့ နှိပ်ကြည့်လိုက်တယ်။

"shit!!!! "

'တော်သေးတယ် ဘာနေနေပြေးပုန်းစရာ ကိုကို့ရင်ခွင်ရှိနေလို့။ချစ်တယ်ကိုကို'

ဆိုပြီး သူ့ရည်းစားကို အီမိုဂျီတစ်သိန်းလေးသောင်းနဲ့tagတွဲထားလေရဲ့။
စိတ်ထဲမြင်ပြင်းကပ်သွားလို့ profileထဲဝင်ပြီး unfollowပစ်လိုက်တယ်။ unfriendဖို့ကတော့ အပြင်မှာသိနေတော့ မကောင်းဘူးလေ။

𝚁𝚎𝚌𝚒𝚙𝚎 𝚏𝚘𝚛 𝙻𝚘𝚟𝚎 𝙸𝚗𝚐𝚛𝚎𝚍𝚒𝚎𝚗𝚝𝚜 :Where stories live. Discover now