𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝙵𝚘𝚞𝚛

308 61 0
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

ကန္တာရထဲကို ကိုယ်မရောက်ဖူးဘူး။ဒါပေမဲ့ အိုအေစစ်ကိုရှာဖွေဖို့အတွက်လည်း အဲ့အထိတကူးတကသွားစရာမလိုဘူးဆိုတာ အဲ့ဒီ့နေ့ကကိုယ်သိလိုက်ရတယ်။ကိုယ့်အိုအေစစ်လေးက ဒီလိုဒီပုံအေးချမ်းမှုလေး...

                             ☁

'Pile 4ကိုရွေးထားတဲ့လူတွေအနေနဲ့ကတော့ waiting for loveဆိုသလိုပဲ။အချစ်ကိုစောင့်ဆုိင်းနေရတာ အရမ်းကိုကြာနေပါပြီ။ဒီအချိန်မှာတော့ ကိုယ့်ဘက်ကလည်း အဆင်သင့်ဖြစ်နေပြီဖြစ်သလို တဖက်လူကလည်း မျက်စိရှေ့ကို ရေကန်အသင့်ကြာအသင့်ဆိုသလို ရောက်လာပါပြီ။ဒီအချိန်ကစလို့ ကိုယ့်ပတ်ဝန်းကျင်ရော၊ကိုယ်ရော အချစ်တွေနဲ့ထုံမွှမ်းနေတော့မှာပါ။တချိူ့ဆို ဒီလူကပဲ ကိုယ့်တသက်တာဖူးစာရှင်ဖြစ်သွားလောက်တဲ့အထိ စွမ်းအားကြီးမားနေတာတွေကို တွေ့နေရပါတယ်။ တဖက်လူက Aquarius, Ariesတွေ ဖြစ်ဖို့များပါတယ်'

သွေးထွက်အောင်မှန်တယ်ဆိုတာ ဒါမျိူးနေမှာ။ social mediaပေါ်က tarotတွေကြည့်လာသမျှမှာ ဒီတစ်ခုကတော့ လုံးဝလုံးဝကိုမှန်ချက်ပဲ။အချစ်ကိုစောင့်နေရတာလည်း အမှန်ပဲ။အချစ်ကရောက်လာတာလည်းအမှန်ပဲ။
တွေးရင်းနဲ့တောင် ရင်ခုန်လာပြီ။ကိုယ်တို့သာရည်းစားဖြစ်ရင် မနက်တခါညတခါချစ်တယ်ဆိုပြီး အသည်းပုံအီမိုဂျီတွေ ရောင်စုံထည့်ပြီးပို့မှာ။ပြီးတော့ကိုယ့်ကိုရောချစ်လားလို့ ပြန်မေးမယ်။အဲ့အချိန်တိတိလေးက အရမ်းရှက်နေမှာပဲ။ရှက်နေလည်းမရပါဘူး..မသိချင်ယောင်ဆောင်ပြီး မပြောပြောအောင် ဂျစ်တိုက်ပြီးမေးမယ်။
အား...တွေးရုံနဲ့တင် မတရားကြည်နူးဖို့ကောင်းနေပြီ။

မနေ့ကကိစ္စမှာ နည်းနည်းအလွဲအချော်လေးဖြစ်သွားပေမဲ့ စိတ်မပျက်မိပါဘူး။ဒီလိုပဲ လွဲတဲ့အခါတော့ရှိမှာပေါ့။လူပဲအမှားတော့ ဘယ်ကင်းမလဲ။နောက်တခါ ဒီ့ထက်ပိုကောင်းတဲ့နည်းဗျူဟာသုံးရမှာပေါ့။

ဒါပေမဲ့ပြောလို့သာပြောနေတာ..ဘယ်နည်းဗျူဟာကို သုံးရမှန်းကိုမသိဘူး။တိတိကြည့်ရတာလည်း တကယ့်အိမ်တွင်းပုန်းလေး။မနက်ပိုင်းစက်ဘီးပတ်စီးတာရယ်၊ညနေဘက်ရပ်ကွက်ထဲကပန်းခြံမှာထိုင်တာရယ်ကလွဲရင် တခြားအချိန်ဆို အပြင်ထွက်တာမဟုတ်။
နေဦး...ပန်းခြံထဲမှာတွေ့အောင် ဂွင်ဖန်လို့ရတာပဲလေ။ဒါပေမဲ့ နည်းလမ်းရိုးရိုးကြီးလည်း မလုပ်ချင်ဘူး။ဘာလုပ်ရင်ကောင်းမလဲ...ဘာနည်းသုံးရင်ကောင်းမလဲ။

𝚁𝚎𝚌𝚒𝚙𝚎 𝚏𝚘𝚛 𝙻𝚘𝚟𝚎 𝙸𝚗𝚐𝚛𝚎𝚍𝚒𝚎𝚗𝚝𝚜 :Where stories live. Discover now