𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝙴𝚒𝚐𝚑𝚝

225 43 1
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

အဲ့အချိန်ကို နောက်တခေါက်ပြန်ရောက်ခဲ့လည်း အဲ့အတိုင်းပြန်ဖြစ်ဖို့ နောင်တကင်းကင်းနဲ့နောက်တခါထပ်ပြီး ရွေးချယ်မိမယ့်နေ့....
လှလှပပနဲ့ကိုယ့်ဘဝထဲကို တိုးဝင်လာတဲ့နေ့....

                              ☁

Partyကို ကိုယ်ရောက်တော့ လူတော်တော်စုံနေလေပြီ။တိတိပြောသလိုပဲ ပွဲလေးကတကယ့်လူနည်းနည်းလေးနဲ့ လုပ်ဖို့်စီစဥ်ထားခဲ့ပုံပဲ။
ခြံထဲကမြက်ခင်းပြင်ပေါ်မှာပဲ စားပွဲလေး၊ငါးလုံးကို ကြည့်ကောင်းအောင်ချထားပြီး စားပွဲတစ်လုံးကိုဘေးကထိုင်ခုံလေးခုံလောက်စီနဲ့ တွဲထားတယ်။အခြားအလှအပအပြင်အဆင်ရယ်လို့လည်း ထူးထူးခြားခြားမရှိ၊အရင်ရက်တွေက မြင်နေကျခြံအတိုင်းပါပဲ။ဒါပေမဲ့ ခုမြင်ရသလောက်ကတော့ လူကအယောက်၂၀အထက်မို့ နည်းတယ်လို့ မဆိုသာ။ခြံထဲကိုစဝင်ဝင်ချင်း တိတိကိုမတွေ့တော့ ဝင်ရမှာတစ်မျိုးကြီးလိုပဲ။တကယ်ဆို မေမေတို့ကအတူတူသွားဖို့ ကိုယ့်ကိုခေါ်သားပဲ။ကိုယ်ကသီးသန့်ကို မလိုက်တာ။ဘာလို့ဆို အစကတည်းက တိတိကသီးသန့်ဖြစ်စေချင်လို့ ကိုယ့်ကိုသပ်သပ်ဖိတ်ထားတာမလား။နောက်ကျတဲ့ကိစ္စကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်အပြင်လွန်နေတာပါပဲ။ scrubတွေတိုက်၊ maskတွေကပ်နေတော့ အချိန်ကကုန်မှန်းမသိကုန်သွားတာလေ။

"သားကကိုကြီးကို မလာတော့ဘူးထင်နေတာ...လာ..လိုက်ခဲ့"

ခြံဝမှာမယောင်မလည်ဖြစ်နေတဲ့ကိုယ့်ကို ပေါက်စီလေးကမြင်သွားတော့ အနားကိုလုံးတုံးလုံးတုံးပြေးလာပြီး ဆွဲခေါ်တယ်။သူ့ကြည့်တော့လည်း suitအနက်ရောင်လေးနဲ့ boss babyလေးကိုတောင် ပြေးမြင်မိသေး။

ပြီးတော့အသက်၁၀နှစ်ပတ်ချာလည်တွေပဲရှိတဲ့ လူကြီးလူကောင်းတွေဝိုင်းမှာ ကိုယ့်ကိုနေရာချပေးတယ်။အစားအသောက်တေွကတော့ စားပွဲမှာအကုန်ပြင်ဆင်ပြီးသား။ပုံစံကြည့်ရတာ စားသောက်ဆိုင်တစ်ခုခုကနေ အပြတ်မှာထားတဲ့ပုံပဲ။အိမ်မှာချက်တဲ့အပြင်အဆင်နဲ့မတူ။

ပထမတစ်လုတ်မှာတင် စိတ်ထဲဇဝေဇဝါဖြစ်သွားတာမို့ နောက်တစ်လုတ်ထပ်စားကြည့်လိုက်တော့ သေသေချာချာကွဲပြားသွားတယ်။ဒါကျိန်းသေ တိတိလက်ရာပဲလေ။တိတိလက်ရာကို စားနေရပေမဲ့ ကိုယ့်စိတ်ထဲအဆင်မပြေဘူး။ဒီလောက်လူအများကြီးစာချက်ရတော့ တိတိပင်ပန်းရှာမှာ။ဒီလိုမှန်းသိရင် စောစောလာပြီး ကူပါတယ်။ပြီးတော့ကိုယ်သဝန်တိုတယ်။ကိုယ့်ကောင်လေးချက်တဲ့လက်ရာကို သူသူငါငါလူတိုင်း စားနေရတာကိုလေ။ကိုယ်ကသဘောထားပြည့်ဝတဲ့ယောကျာ်းတစ်ယောက်ပေမဲ့ ချစ်သူနဲ့ပတ်သက်လာရင်တော့ မရဘူး။အဲ့တော့သဝန်တိုတိုနဲ့ ပိတ်ပင်ရမှာပဲ။နောက်ဆို ကိုယ့်ချစ်သူရဲ့လက်ရာတွေကို ဒီလိုလွယ်လွယ်ကူကူ လူတိုင်းကို မမြည်းစမ်းခိုင်းဖို့ကိုလေ။

𝚁𝚎𝚌𝚒𝚙𝚎 𝚏𝚘𝚛 𝙻𝚘𝚟𝚎 𝙸𝚗𝚐𝚛𝚎𝚍𝚒𝚎𝚗𝚝𝚜 :Where stories live. Discover now