𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝙽𝚒𝚗𝚎 [𝙵𝙸𝙽𝙰𝙻]

494 67 12
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

အဲ့နေ့ကစပြီး ကိုယ့်တစ်တောလုံး ပန်းတွေဝေတယ်...လောကကြီးက ပန်းနုရောင်ကာလာသွင်းထားတဲ့မျက်မှန်ကတဆင့် ကြည့်ရသလိုကို နုနယ်ပျိုမျစ်လွန်းနေတယ်

"ကိုကြီး..ဝက်ဝံပုံကွတ်ကီးလေးပုံဖော်ပြီးရင် စူပါမန်းပုံပါလုပ်ပေးနော်.."

"ကိုကြီးကပုံဆွဲမှမတော်တာ...ဝက်ဝံပုံတောင် မနည်းကြည့်ဆွဲထားရတာ..ကိုကြီးက အသည်းလေးပဲလုပ်တတ်တာ.."

"အသည်းပုံဆိုတော့ အချစ်မုန့်လားဟင်.."

"အချစ်မုန့်?အဲ..အချစ်မုန့်ကကိုကြီးလည်း ခုမှကြားဖူးတာ။ဘာတွေနဲ့လုပ်ရလဲ မသိဘူး။ပေါင်ပေါင်ရဲ့ကောဆိုရင်တော့ လုပ်တတ်မယ်ထင်တယ်.."

ယောက်ဖလောင်းကိုပြောနေပေမဲ့ ကိုယ့်အကြည့်ကတော့ kitchen counterကို သန့်ရှင်းရေးလုပ်နေတဲ့တိတိဆီမှာ။သူကလည်း ကိုယ်ပြောတာကိုကြားတော့ ခေါင်းကိုခပ်ဖြည်းဖြည်းခါယမ်းပြီး မနိုင်ဘူးဆိုတဲ့ပုံမျိုးပြုံးတယ်။

ခုလက်ရှိကိုယ်တို့အခြေအနေက ဘယ်ခေါင်းစဥ်အောက်မှာရှိနေလဲ ကိုယ်ကိုယ်တိုင်လည်းမသိဘူး။ကိုယ်ကအချစ်ကိုဖွင့်ဟထားပြီး တိတိကဖွင့်ပြောခံထားရတဲ့သူ။နှစ်ယောက်က ဒီအခြေအနေမှာ ရပ်တန့်နေကြတယ်။အဲ့ညကကိုယ်ဖွင့်ပြောပြီးတယ်ဆို တိတိကကိုယ့်ကိုမိနစ်ဝက်စာလောက် နေမြဲအတိုင်းနေရင်း၊ကြည့်မြဲအတိုင်း ကြည့်တယ်။ပြီးတာနဲ့ကိုယ့်ဆံပင်တွေကို ဆွဲဖွပြီး ထထိုင်တယ်။ပြီးတော့ ပြန်ကြရအောင်တဲ့။

အဲ့ညပြီးကတည်းက ကိုယ်တို့အခြေအနေက ပုံမှန်ထက်ပိုရင်းနှီးခဲ့ကြတာတော့ ငြင်းမရဘူး။ကိုယ်တို့တွေ instaမှာ အပြန်အလှန်DMတွေပို့ဖြစ်တယ်။အိပ်ရာနိုးပြီလား...၊ထမင်းစားပြီးပြီလား..၊ညနက်နေပြီ အိပ်တော့လေ...၊ဒီနေ့မိုးရွာလိမ့်မယ်ထင်တယ်...ကျောင်းကိုထီးထည့်သြားနော်..၊ဆိုတဲ့ပုံမှန်စကားဝိုင်းလေးတွေအပြင် တခါတလေဆို မြို့ထဲမှာအသစ်ဖွင့်တဲ့ဆိုင်လေးတွေကို သူမြင်ခဲ့ရင်လည်း ပုံရိုက်ပြီးပို့တတ်တယ်။ပြီးတော့ ကြည့်ဖြစ်တဲ့ရုပ်ရှင်တွေနဲ့ နားထောင်ဖြစ်တဲ့သီချင်းတွေကို အပြန်အလှန်ညွှန်းကြတယ်။တိတိနဲ့ကိုယ်ကအကြိုက်တူသလိုနဲ့ အကြိုက်မတူဘူး။ကိုယ်က ballad songsတွေကြိုက်တယ်၊ တိတိက operaတွေ၊ classicတွေကြိုက်တယ်။ဘာပဲဖြစ်ဖြစ် နှစ်မျိုးစလုံးက ခပ်အေးအေးနဲ့ အိပ်ချင်စရာကောင်းတာတော့ အမှန်ပဲလေ။ ဒီပျင်းစရာအကြောင်းအရာတွေကိုပဲ ကိုယ်တို့အပြန်အလှန်ဆွေးနွေးဖြစ်ကြတယ်။ စောစောအိပ်တော့လေလို့ပြောနေရင်းကနေ စကားအမျှင်တန်းပြီး နှစ်ယောက်သားသန်းခေါင်ကျော်သြားတဲ့တစ်ချို့ညတွေလည်းရှိတယ်။

𝚁𝚎𝚌𝚒𝚙𝚎 𝚏𝚘𝚛 𝙻𝚘𝚟𝚎 𝙸𝚗𝚐𝚛𝚎𝚍𝚒𝚎𝚗𝚝𝚜 :Where stories live. Discover now