𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝚃𝚑𝚛𝚎𝚎

363 66 4
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

ဒီနေ့ကိုကျ ချစ်သူ့မနက်ခင်းလို့တင်စားရမလား...ဒါမှမဟုတ် ပိုတိကျပြီးကဗျာဆန်တဲ့ တခြားအသုံးတစ်ခုရှိဦးမလား...
သေချာတာကတော့ ရွှေအိုရောင်မှော်ဝတ်ရုံရှည်ကြီး ဝတ်ဆင်မထားသည့်တိုင် အချစ်ကဝင်းမွှတ်တောက်ပလွန်းနေတာပဲ

                            ☁

"On the day that you were born the angels got together
And decided to create a dream come true
So they sprinkled moon dust in your hair of gold and starlight in your eyes of blue... "

"သီချင်းတွေဘာတွေညည်းလို့ပါလားဟေ့ ရည်းစားရပြီလား ဟေ ငါ့သား"

"ရှင့်သားလား ရမှာ...အဲ့အစားပယောဂစစ်ကြည့်ရမှာ။စောစောစီးစီးအိပ်ရာထနေလို့လေ.."

ရေချိူးပြီးခါစသူ့သားကို dryerမှုတ်ပေးနေရင်းကနေ မမေ့မလျော့လှမ်းနှိမ်ရှာတယ်။သူများမိဘတွေဆို ကိုယ့်သားသမီးကို အမြဲကလေးလိုမြင်တာတို့၊ရည်းစားမထားစေချင်တာတို့နဲ့။အိမ်ကမိဘတွေနဲ့ကွာပ။တစ်ခုခုဆို ဒီရည်းစားမရှိတာကိုပဲ အပြစ်မဟုတ်တာအပြစ်လုပ် ဆီလိုအပေါက်ရှာနေတာ။အင်း..ကိုယ်ကလည်းမရှိရှာတော့ ပြန်မပြောသာဘူးပေါ့။
အဟက်...ဒါပေမဲ့ဒါကအရင်ကပါနော်။ခုဆိုရည်းစားလေးလည်းရှိနေပြီ။နည်းနည်းမှနာစရာကိစ္စ မဟုတ်တော့ဘူး။

ဒါနဲ့ ဘယ်ကနေဘယ်လိုရည်းစားရှိသွားတာလဲလို့ စောဒကမတက်နဲ့နော်။ Law of Attractionဆိုတာကြားဖူးလား။မကြားဖူးလည်း ကြားဖူးလိုက်။ကိုယ်ကအကောင်းတွေတွေး၊အကောင်းတွေမြင်မှ အကောင်းတွေကကိုယ့်ဆီရောက်လာမှာလေ။ရည်းစားမရှိဘူး၊ငါ့ကြိုက်မယ့်လူမရှိဘူးထိုင်တွေးနေရင် တွေးသလိုတကယ်ဖြစ်နေလိမ့်မယ်။အဲ့တော့ ကိုယ်ခုရည်းစားရှိနေပါပြီ။ကောင်လေးကလည်း တအားချစ်တာ။အိုခေ...

"မေမေကလည်း....ဘယ်မကောင်းဆိုးဝါးက မနက်အစောကြီးထွက်လို့လဲ...ညဆိုတမျိုး.."

"ကဲပါ...ခုဘယ်ကိုကြွတော်မူမလို့လဲ.."

"လမ်းလျှောက်ထွက်မလို့"

"ခွီး....အချစ်..ရှင့်သားကnormalဟုတ်ပါတယ်နော်...လူနာတွေကိုပဲ ကုမနေနဲ့..ကိုယ့်သားကိုယ်ပြန်စစ်ဦး..."

𝚁𝚎𝚌𝚒𝚙𝚎 𝚏𝚘𝚛 𝙻𝚘𝚟𝚎 𝙸𝚗𝚐𝚛𝚎𝚍𝚒𝚎𝚗𝚝𝚜 :Where stories live. Discover now