𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝚂𝚒𝚡

251 48 0
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

ကိုယ်ချစ်ရတဲ့သူဆီကနေ မေတ္တာတွေ၊စေတနာတွေအပြည့်အဝနဲ့ အချိန်ပေးချက်ပြုတ်ထားတဲ့အစားအစာမျိူး စားဖူးလား...
ထားပါတော့ မမေးခဲ့ဘူးလို့ပဲ။
ကိုယ်ကတော့စားဖူးတယ်...ပထမဆုံးအကြိမ်မှာတင် မနက်ခင်းတိုင်းကို ဒီလူသားရဲ့လက်ရာတွေနဲ့အတူ ဖြတ်သန်းချင်စိတ်တွေ အရှိန်အဟုန်ကြီးထွားလာတဲ့အထိ အချစ်တွေယိုဖိတ်နေတဲ့အစားအစာမျိူးပေါ့..

                            ☁

လျှောက်ပြန်သံပေးဆိုတဲ့အလုပ်က ပြောလို့သာလွယ်တာ တကယ့်လက်တွေ့က မလွယ်ကူလှဘူး။တိတိလေးလို အိမ်တွင်းပုန်းလေးအတွက်ဆိုရင် ပိုလို့တောင်မလွယ်ကူဘူး။မနက်မိုးလင်းကတည်းက ဝရန်တာကမထဘဲ စောင့်ကြည့်နေတာတောင် ခုထိခြံထဲတစ်ချက်မဆင်းဘူး။
ကို္်ယ်တို့အိမ်ကနှစ်ထပ်တိုက်၊တိတိလေးတို့အိမ်က လုံးချင်းတိုက်ပုလေးဆိုတော့ ကိုယ်တို့အိမ်ဝရန်တာကသာကြည့်လိုက်ရင် တိတိတို့ခြံထဲကိုအတိုင်းသားမြင်ရတယ်။
ပုံမှန်နေ့တွေရဲ့ဒီအချိန်ဆို ခြံထဲကအရိပ်ရပင်ကြီးအောက်မှာ တိတိကစာထိုင်ဖတ်နေကျ။ဒီနေ့မှ ဘာလို့ပါလိမ့်။နေထိုင်မကောင်းလို့များလား။နေရာဒေသအပြောင်းအလဲဆိုရင် ဒီလိုပဲနေထိုင်မကောင်းဖြစ်တတ်တယ်လို့ မေမေခဏခဏပြောဖူးတယ်။အဲ့တာမို့ တခြားမြို့တွေကို အလည်အပတ်သွားရင် မေမေကကိုယ့်ကိုအနေအထိုင်အရမ်းဂရုစိုက်တာ။
မေမေဆိုလို့ ပြောရဦးမယ်။ကိုယ်ကသာ ‘ဟိုင်း..စားပြီးပြီလား..’အဆင့်ကမတက်တာ။ကိုယ့်မေမေကတော့တိတိမေမေနဲ့ သူငယ်ချင်းဖွဲ့ပြီးပြီ။မေမေ့အပြောဆို တိတိတို့က ရှန့်ဟိုင်ကနေပြောင်းလာကြတာတဲ့။တိတိအဖေရဲ့ကျန်းမာရေးအခြေအနေကြောင့် ရာသီဥတုကောင်းမွန်ပြီး လေကောင်းလေသန့်ရတဲ့ကိုယ်တို့မြို့လေးကို ရွေးဖြစ်တာတဲ့။ဘာဖြစ်ဖြစ်ယောက္ခထီးကြီးကြောင့် ချစ်စရာကောင်းတဲ့တိတိလေးကို ဆုံခွင့်ရလို့ ဒီနေရာကနေကျေးဇူးအကြီးကြီးတင်လိုက်ပြီ။
ပြီးတော့ တိတိမေမေကထပ်ပြောသေးတယ်တဲ့။ တိတိကShanghai Medical Collegeမှာ တက်နေတာတဲ့။ကျောင်းပြောင်းကိစ္စ နည်းနည်းအဆင်မပြေပေမဲ့ ကလေးကလိမ္မာလွန်းရှာတော့ မိဘကိုတခွန်းတပါဒမျှစောဒကမတက်လို့ သနားမိတယ်ဆိုတဲ့အကြောင်း။အဲ့စကားကိုမေမေကကိုယ့်ကိုပြန်ပြောတဲ့အချိန်မှာ ထုံးစံမပျက်မျက်စောင်းတထိုးထိုးနဲ့ပေါ့။ဘာလို့ဆိုမေမေကကိုယ့်ကို ဖေဖေခြေရာနင်းစေချင်တာလေ။မိဘစကားဆို ဦးလည်မသုန်လိုက်နာတတ်တဲ့ကိုယ်ကလည်း  တခြားmajorကိုပဲ ယူတော့ အဲ့တုန်းကဆို သုံးလလောက် ကိုယ့်ကိုစိတ်ကောက်ခဲ့သေးတာ။ခုတော့ သားဆရာဝန်မဖြစ်နိူင်တော့ပေမဲ့ သမက်ဆရာဝန်ရဖို့ အခွင့်အရေးရှိသွားပြီမို့ မေမေလည်းပျော်ရှာမှာပါ။

𝚁𝚎𝚌𝚒𝚙𝚎 𝚏𝚘𝚛 𝙻𝚘𝚟𝚎 𝙸𝚗𝚐𝚛𝚎𝚍𝚒𝚎𝚗𝚝𝚜 :Where stories live. Discover now