𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝚃𝚠𝚘

505 62 0
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

လေပြည်လေညှင်းတွေမှာသာ အရောင်အဆင်းရှိရင် ကိုယ်ကအဲ့တုန်းကလေညှင်းလေးတွေကို ခရမ်းရောင်လို့သတ်မှတ်ချင်တယ်။ဆိုပါစို့...
ခရမ်းရောင်လေညှင်းတွေ ခပ်မြူးမြူးလေးတိုက်ခတ်နေပြီး မိုးသားတိမ်စိုင်တွေကင်းစင်နေတဲ့အပြာရောင်ကောင်းကင်ကြီးအောက်မှာ အဲဒီနေ့က အချစ်ကိုခမ်းခမ်းနားနားရှာဖွေတွေ့ရှိခဲ့တယ်ပေါ့

                           ☁

"ကိုကို နင်လူလည်ကျတာ နင်ခိုးကြည့်လိုက်တယ်မလား.."

"သောက်ကောင်မလေး ဘယ်မှာခိုးကြည့်လို့လဲ...စွပ်စွပ်စွဲစွဲ"

"ခုနကလေ ကိုကိုနော်..တအားအကျင့်ပုပ်တာပဲ။တော်ပြီ ဆော့တော့ဘူး"

"မဆော့ နေပေါ့"

ညီမလုပ်သူက နူတ်ခမ်းကို တစ်တောင်လောက်ဆူထော်ပြီး လက်ထဲကဒိုမီနိုကတ်တွေကို ပစ်ချပြီး တဖက်လှည့်သွားတယ်။နေပါစေပေါ့...မဆော့ချင်ရင်။တစ်ခုခုဆို သင်းကိုခယနေရတာအလုပ်တစ်ခု။အသက်လေး ၄နှစ်လောက်ကွာတာကို ၁၀နှစ်အနှစ်၂၀ကွာသလိုကို ဆိုးနေကောက်နေတော့တာပဲ။လောကသတ်မှတ်ချက်ကြီးကိုက စောစောမွေးမိလို့ အသက်ကြီးနေတာနဲ့ပဲ အရာရာကိုသိနေ၊တတ်နေ၊နားလည်ခွင့်လွှတ်ပေးနေရတော့မလို ဒီဇိုင်းကြီး။မိုက်ကိုမမိုက်ဘူး။ကြာတော့ ချော့ချင်စိတ်ကို မရှိတော့ဘူး။အစကတည်းက ကိုယ်ကပဲချော့ခံချင်တာ...သူများကိုချော့ရတာတော့ နည်းနည်းမှဝါသနာပါတာမဟုတ်ဘူး။
ဆက်မဆော့တော့ဘူးဆိုတော့ ဖုန်းကြည့်မလို့ လက်လှမ်းလိုက်ပေမဲ့ ကျက်သတုံးpostတွေနဲ့တိုးမှာစိုးတာမို့ ဝရန်တာဘက်ထွက်လာပြီး ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေလိုက်တယ်။နေ့လယ်နေ့ခင်းမို့ လမ်းတလျှောက်ရှင်းလင်းနေပြီး အရင်ကတွေ့နေကြလမ်းဘေးခွေးတွေကိုတောင် မတွေ့ရဘူး။ဟိုရက်က တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာရန်ပုံငွေလာကောက်တာ ဒီခွေးတွေကိုခေါ်သွားဖို့အတွက်ပဲထင်တယ်။ကိုယ်ကခွေးကိုချစ်တတ်ပေမဲ့ ကြောက်စိတ်သတိကတော့ မပျက်ဘူး။ဘာလို့ဆို အရင်နှစ်ကဘေးလမ်းမှာနေတဲ့သူငယ်ချင်းဆီမှာ စာလုပ်ပြီးအပြန် ခွေးသုံးကောင်လိုက်ခံရဖူးလို့လေ။ကိုယ့်မှာကြောက်အားလန့်အားနဲ့ငယ်သံပါအောင် အော်ပြေးတာတောင် တစ်အိမ်မှထွက်ကြည့်ဖော်မရဘူး။နောက်ဆုံးလမ်းထဲဝင်လာတဲ့ကားတစ်စီးက ဟွန်းတီးလိုက်မှ နောက်ပြန်လှည့်သွားကြတာ။အဲ့တုန်းကတည်းက ခွေးတွေအုပ်စုလိုက်မြင်တာနဲ့ ကိုယ်ဝေးဝေးကရှောင်သွားတော့တာပဲ။
ကိုယ်တို့ရပ်ကွက်က ဆိတ်ငြိမ်ရပ်ကွက်ဆိုတော့ တစ်အိမ်နဲ့တစ်အိမ်ကူးလူးဆက်ဆံရေးသိပ်မရှိတတ်။လူမှုရေးကိစ္စတွေ၊ရပ်ကွက်နဲ့သက်ဆိုင်တဲ့ကိစ္စတွေရှိမှ အဆက်အဆံရှိကြတာမျိူး။ဒါပေမဲ့ ကိုယ်တို့လမ်းကတော့ တစ်ခြားလမ်းတွေနဲ့ မတူဘူး။တစ်အိမ်နဲ့တစ်အိမ် ရင်းနှီးမှုရှိကြတယ်။ဟိုးအရင်ကတည်းက နေခဲ့ကြတာဆိုတော့လေ။တစ်အိမ်နဲ့တစ်အိမ် အာလာပသလ္လာစကားစမြည်ပြောတာကစလို့ ဘယ်မြို့သွားလို့် အပြန်ဘာလက်ဆောင်ပါလာတာမို့လာပေးတာအဆုံး တကယ်ကိုအကျွမ်းတဝင်ရှိကြတာမျိူး။ကိုယ်တို့အိမ်ဆိုလည်း ကိုယ်မမွေးခင် မေမေနဲ့ဖေဖေအိမ်ထောင်ကျကတည်းနေလာတာ ကိုယ်အရွယ်ရောက်တဲ့အထိပဲ။ကိုယ်ငယ်ငယ်တုန်းကတော့ ဖေဖေကတာဝန်နဲ့အပြောင်းအရွေ့တွေရှိခဲ့တော့ အမြဲမနေနိူင်ခဲ့ဘူး။ခုတော့ဖေဖေလည်း ဒီမြို့မှာပဲ တာဝန်ကျနေတာမို့ မိသားစုကစည်းစည်းလုံးလုံးနေ,နေရတယ်ပေါ့။ပြီးတော့ဒီလမ်းမှာ နေတာမကြာသေးဘူးဆိုတဲ့အိမ်ကတောင် ဆယ်နှစ်လောက်အထိကြာနေပြီမို့ မရင်းနှီးဘဲနေရိုးလား။ဒီလမ်းထဲမှာ လူမနေတာဆိုလို့ ကိုယ်တို့မျက်စောင်းထိုး...ထိုး..

𝚁𝚎𝚌𝚒𝚙𝚎 𝚏𝚘𝚛 𝙻𝚘𝚟𝚎 𝙸𝚗𝚐𝚛𝚎𝚍𝚒𝚎𝚗𝚝𝚜 :Where stories live. Discover now