𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝚂𝚎𝚟𝚎𝚗

233 48 0
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

အရာရာကို စနစ်တကျစီစဥ်ထားပြီး ထပ်ခါထပ်ခါလေ့ကျင့်ထားတဲ့ဇာတ်ညွှန်းတစ်ပုဒ်မှာ ကပြဖျော်ဖြေနေရတဲ့လူတစ်ယောက်လိုပဲ..
ဒီလောက်လှပသေသပ်ပြီး နတ်သမီးပုံပြင်လိုအချစ်ဇာတ်ညွှန်းလေးက ကိုယ့်အပိုင်ပါလားဆိုတဲ့စိတ်လေး...အဲ့စိတ်ခံစားချက်လေးကသိပ်လှတာ...

                             ☁

“ဟို မနက်ပိုင်းစက်ဘီးစီးတာလည်း မတွေ့မိဘူးနော်..”

“ဟုတ်တယ်..မေမေတို့ ဆေးရုံသွားကြလို့လေ..”

ဩော်...ဒါကြောင့်အိမ်စောင့်တာဝန်ကျနေတာပေါ့လေ။လိမ္မာလိုက်တဲ့ကလေးလေး။ကိုယ်နဲ့ကွာပ။ကိုယ်ဆို ပုံမှန်ဆိုရင်သာ အိမ်မြောင်ကဆရာခေါ်ရအောင်အိမ်ကပ်တာ။သားရေ..အိမ်စောင့်ပေးဆိုတာနဲ့ သွားစရာတပုံတပင်နဲ့အပြင်ထွက်ဖို့ လမ်းကြောင်းရှာတော့တာလေ..ဟိ..ဟိ။

“ဟိုfudan universityကဆို..”

“ဟုတ်..”

“fudanကဆိုတော့ စာတော်မှာပဲ..”

“အဲ့လောက်လည်း မဟုတ်ပါဘူး..ခုပြောင်းလိုက်ပြီလေ..”

“ကျွန်တော်တို့မြို့က medical universityကလည်း မခေပါဘူး..”

“အွန်း..အဲ့တာမို့လည်းကျွန်တော်သေချာစုံစမ်းရှာဖွေပြီးမှ ကျောင်းပြောင်းတာလေ..”

နှစ်ယောက်သားမတိုင်ပင်ပါဘဲ ပြိုင်တူရယ်မိကြတယ်။ပြီးတော့ မိနစ်ဝက်စာလောက်အကြည့်ချင်းဆုံပြီး တိတိလေးက အရင်အကြည့်လွှဲသွားတယ်။ကိုယ်လည်း လေတိုက်လို့တဖြတ်ဖြတ်လှုပ်ခတ်နေတဲ့ နို့သစ်ခွရောင်ခန်းစီးလိုက်ကာကိုပဲ
အကြောင်းပြချက်မရှိ အကြည့်ပို့ထားလိုက်တယ်။
ပေါက်စီလေးက စာလုပ်စရာရှိလို့ဆိုပြီး သူ့အခန်းထဲကို ဝင်သွားကတည်းက ဧည့်ခန်းဆိုဖာပေါ်ကနေ ထရမလိုလိုထိုင်ရမလိုလိုနဲ့ ကိုယ်တော်တော်ဗျာများခဲ့သေးတာ။ဟုတ်တယ်လေ..ကိုယ်ကခုအချိန်မှာ သူနဲ့ပတ်သက်ပြီး လာလည်တာဆိုတော့ သူမရှိတော့ ဆက်နေလို့ဘယ်ကောင်းမလဲ။ကိုယ်ဒိွဟဖြစ်နေတုန်းမှာပဲ တိတိကစကားလမ်းကြောင်းပေးလိုက်တာမို့သာ အဆင်ပြေသွားတာ။ဒါတောင် စကားဝိုင်းက အမေးတစ်ခွန်းအဖြေတစ်ခွန်းနဲ့။

𝚁𝚎𝚌𝚒𝚙𝚎 𝚏𝚘𝚛 𝙻𝚘𝚟𝚎 𝙸𝚗𝚐𝚛𝚎𝚍𝚒𝚎𝚗𝚝𝚜 :Where stories live. Discover now