အပိုင်း (၄)

618 98 5
                                    

"အဲ့နောက်တော့ ကျုပ်တို့ စီစဉ်ထားသလိုပဲ ဟိုတယ်မှာ ညစာစားခဲ့ကြတယ်.."

မင်းစက် မနားတော့ပဲ စုံထောက် ဦးဖေချစ်ကို သူ့ဇာတ်ကြောင်းအား ဆက်ပြောလိုက်သည်။

" ကိုယ်ကြည့်နေတာ ရွက်ရှိန်း အခုတလော အစားအရမ်းနည်းတယ်နော်...."

စားသောက်ပြီး Dinner Room ကနေ ထွက်လာသည့်အချိန် မင်းစက်၊ရွက်ရှိန်းကို စကားစ လိုက်မိသည်။ရွက်ရှိန်းမှာ မြေကြီးကိုသာ တွင်တွင် စိုက်ကြည့်နေလျက်ရှိပြီး မင်းစက် ပြောလိုက်သည်ကိုပင် ကြားလိုက်ဟန်မတူ။

" ရွက်ရှိန်း...."

" အမ်...အင်း မောင် ..ဘာပြောလိုက်တာလဲ...."

" ဒီတလော ရွက်ရှိန်း စားတာသောက်တာ အရမ်းနည်းနေတယ်လို့ အဲ့ဒါနဲ့ ပိန်လာတော့မှာပဲကွာ...."

" အော် အဲ့ဒါက ...."

ရွက်ရှိန်းမှာ မင်းစက်ကို စကားပြောချင်ဟန်မတူ။ စကားပြောမည့်ဟန်ပြုပြီးမှ တစ်ဝက်တစ်ပျက်စကားဖြတ်ကာ သူ့အာရုံတွေ ထွေပြားသွားသည်က ခဏခဏ။

ရွက်ရှိန်း.. မင်းဘာဖြစ်နေတာလဲ??

" မောင်သွေးဓနမင်းစက်တို့ပါလား....Dinner လာစားကြတာလား...."

ရုတ်တရက် မင်းစက်၊ရွက်ရှိန်းကို စကားပြောနေတုန်း အနားကို လူတစ်ယောက်ရောက်လာ၍ ပြောလက်စ စကားတွေ ရပ်တန့်သွားရသည်။အသံလာရာကို ကြည့်လိုက်မိတော့ မင်းစက်တို့နှင့် မနီးမဝေး တွင်ရပ်နေသည့် ဦးဘစိန်ကို တွေ့လိုက်ရပါသည်။

ဦးဘစိန်ဆိုသည်မှာ မြို့ရဲ့ မျက်နှာဖုံး သူဌေးကြီးဖြစ်သည်။ ချမ်းသာသည်ဆိုသည်မှာလည်း ကျိကျိတက်။ မင်းစက်တို့ မိသားစု ချမ်းသာသည်ထက်ကို နှစ်ဆချမ်းသာသောသူပင်။

မင်းစက်ကတော့ ဦးဘစိန်ကို သူ့ဖခင်​၏ စကားများမှ တစ်ဆင့် ကြားဖူးနားဝ ရှိနေသော်လည်း မရင်းနှီးခဲ့။ရွက်ရှိန်းကတော့ ဆက်ဆံရေးကောင်းသူပီပီ သူ ဒီကိုရောက်ပြီး မကြာမီမှာပင် သူ့နည်းသူ့ဟန်ဖြင့် ဦးဘစိန်နှင့် သိကျွမ်းရင်းနှီးသွားခဲ့လေသည်။ အခုတော့ မင်းစက်မှာ ရွက်ရှိန်းကျေးဇူးဖြင့် ဦးဘစိန်နှင့် ရင်းနှီးခဲ့ရလေပြီ။

Two Hearts at one overlapped FrequencyWhere stories live. Discover now