အပိုင်း (၁၅)

328 45 1
                                    

"မင်း Schröinger's cat စမ်းသပ်ချက်ကို သိလား??"

မစ္စတာရှဗိုင်းက မင်းစက်ကို Many-Worlds interpretation အကြောင်း ဘယ်လိုပြောရမလဲ အချိန်အတော်ကြာတွေးပြီနောက် ရှင်းလင်းသော မေးခွန်းတစ်ခုဖြင့် စလာလေသည်။

"ကြားတော့ကြားဖူးတယ်... ကြောင်တစ်ကောင်ကို အဆိပ်ငွေ့ထည့်ထားတဲ့ ဖန်ပုလင်းနဲ့ သေတ္တာတစ်ခုထဲ ထည့်တဲ့ စမ်းသပ်ချက်မလား??"

"အင်း... ဟုတ်တယ်... ဒါပေမဲ့ စမ်းသပ်ချက်ဆိုတာထက် အတွေး စမ်းသပ်ချက်တစ်ခု.. အပြင်မှာ တကာ်မလုပ်ခဲ့ဘူး.. ဒီအတိုင်း ပါးစပ်နဲ့ ပြောခဲ့တဲ့ စမ်းသပ်ချက်တစ်ခု..

မင်းသိတဲ့ အဲဝင်းရှော်ဒင်ဂါ (Erwin Schrödinger) ဆိုတာ Quantum Mechanics အပိုင်းမှာ အရေးပါတဲ့ သင်္ချာညီမျှခြင်းကို ဖော်မြူလာကျကျ ထုတ်ဖော်နိုင်ခဲ့တဲ့သူပဲ..

သူ့ ညီမျှခြင်းထဲမှာ Wave Funtion ဆိုတာပါတယ်... Poseidon ရဲ့ ခက်ရင်းခွပုံလေးမျိုးပဲကွာ.."

(A/N - အလယ်က အမှတ်အသားလေးကို Wave Funtion လို့ ခေါ်ပါတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(A/N - အလယ်က အမှတ်အသားလေးကို Wave Funtion လို့ ခေါ်ပါတယ်..

ပြီးတော့ Poseidon ဆိုတာ ဂရိဒဏ္ဍာရီလာ ရေနတ်ဘုရားပါ...

Little Mermaid ကာတွန်းကားထဲက Ariel ရဲ့ အဖေ ဘုရင်ကြီးကိုင်တဲ့ ခက်ရင်းခွကို ပြောတာ)

​"အေး... ပုံမှန်ဆို မင်းသိတဲ့အတိုင်း သင်္ချာဆိုင်ရာ အမှတ်အသားတွေမှာ သူတို့နဲ့ သက်ဆိုင်တဲ့ ကိန်းသေတစ်ခုခု ရှိလေ့ရှိတယ်..

ဥပမာ - အလယ်တန်း အထက်တန်း သင်္ချာမှာ သင်ခဲ့ရတဲ့ π ဆို သူ့ရဲ့ ကိန်းသေက 3.14 မလား?? အဲ့လိုပေါ့..

ဒါပေမဲ့ ဒီ Wave Funtion အတွက်က ကိန်းသေမရှိဘူး.. သူက Electrons ရဲ့ အလုပ်လုပ်ပုံအပေါ် ဖြစ်နိုင်ချေတွေကို တွက်ချက်ပြီး ထားရတဲ့ အမှတ်အသားပဲ...

Two Hearts at one overlapped FrequencyWhere stories live. Discover now