အပိုင်း(၂၁)

261 34 3
                                    

သူတို့ နှစ်ယောက် လရောင်အောက် မြေနီလမ်းပေါ်မှာ တဖြည်းဖြည်းချင်း လျှောက်လာခဲ့တာ မိနစ်အတော်ကြာခဲ့ပြီဖြစ်သလို ရွက်ရှိန်းနေသော ရပ်ကွက်ထဲလည်း တဖြည်းဖြည်းဝင်ရောက်လာပြီဖြစ်လေသည်။

ဆင်ခြေဖုံးရပ်ကွက်လေးတွေသည် မြို့လယ်ခေါင်ရပ်ကွက်တွေနှင့် သီးခြားကမ္ဘာတစ်ခုမှာ တည်ရှိနေသလားမှတ်ရအောင် အရာအားလုံးက လရောင်အောက်တွင် အပ်ကျသံမျှ မကြားရလောက်အောင် တိတ်ဆိတ်နေကြသည်။ ထို တိတ်ဆိတ်မှုအပေါင်း သရဖူဆောင်းထားသော လမ်းတစ်လျှောက် ရွက်ရှိန်း​၏ အသက်ရှူသံ မျှင်းမျှင်းလေးကစ၍ မင်းစက်တားထဲ ကြားနေမိပါသည်။

"ကိုမင်းစက်.. ဟိုးနားက တိုက်ကြီးကို တွေ့လား??"

ရွက်ရှိန်းက တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ရုတ်တရက် သူ့ကို လှမ်းပြောလိုက်ရင်း ခပ်လှမ်းလှမ်းတွင်ရှိသော ရှေးဟောင်းတိုက်ကြီးတစ်လုံးကို ညွှန်ပြလေသည်။

ရွက်ရှိန်း ညွှန်ပြသော တိုက်ကြီးသည် လရောင်အောက်တွင် ကျက်သရေတစ်စက်မှ မရှိသော အပျက်အစီးကြီးကဲ့သို့ ခြောက်သွေ့စွာ တည်ရှိနေသည်။ ထိုတိုက်ကြီး​၏ ဆေးသုတ်ထားသော ရှေ့နံရံတွေသည် နှစ်ပေါင်းများစွာ ပြန်လည် ပြင်ဆင်မွမ်းမံထားခြင်းမရှိတာကြောင့် ဆေးတွေ ကွာကျနေပြီး ထိုဆေးကွာကျ၍ အင်္ဂတွေများထွက်ပေါ်လာသော နေရာတွင်လည်း အဝေးမှကြည့်လျှင်ကို အက်ကွဲကြောင်းရာဗလပွနှင့် ထိုအက်ကွဲကြောင်းတစ်လျှောက် ရေညှိတွေက နေရာယူထားသည်ကို တွေ့ရလေသည်။ မှန်ပြတင်းပေါက်ျတွက အက်သောနေရာကအက်၊ ကွဲသောနေရာက ကွဲနေပြီး ထိုကွဲနေသော မှန်တွေ နေရာ၌ သစ်သားပြားများကို သံရိုက်ကာ ကာထားသည်။ တချို့ ပြတင်းပေါက်ဆို သွပ်ပြားနှင့်ပါ အသေသံရိုက်ထားသည်ကို တွေ့ရပါသည်။

မင်းစက် ထိုတိုက်ကို အာရုံစိုက်ကာ ကြည့်နေသည်ကို ရွက်ရှိန်းတွေ့တော့ သူပြောမည့်စကားကို ဆက်ပြောသည်။

"အဲ့တိုက်က လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်လောက်ကတည်းက ရှိနေတာ...

ပြောမယ်ဆို ရန်ကုန်တစ်မြို့လုံးမှာ ဂေါ့တစ်လက်ရာနဲ့ အစောဆုံးဆောက်တဲ့ တိုက်လို့တောင် ပြောလို့ရတယ်..

Two Hearts at one overlapped FrequencyWhere stories live. Discover now