အပိုင်း (၁၂)

317 51 5
                                    

ထိုနေ့က နေသာခဲ့သည်။

မင်းစက် မစ္စတာရှဗိုင်းဆီမှာ လက်ထောက်အဖြစ် အလုပ်စလုပ်ကတည်းက ကွန်ဖရင့်တွေ တက်ရသည်။ မစ္စတာရှဗိုင်းက ရူပဗေဒ နယ်ပယ်တွင် စာအုပ်အမြောက်အများ ထုတ်ဝေဖူးသော ပညာရှင်ဖြစ်သည့်အလျောက် ပညာရှင်မိတ်ဆွေတွေ လူကုံထံမိတ်ဆွေတွေလည်း များကာ အတော့်ကို လူရာဝင်ဆံ့လေသည်။ ထို့ကြောင့် မစ္စတာရှဗိုင်းမှာ လစဉ်လတိုင်း ကပွဲဖိတ်စာသော်လည်းကောင်း ကွန်ဖရင့်နှင့် ဟောပြောပွဲဖိတ်စာသော်လည်းကောင်းအမြဲလက်ခံနေရသည်။

မစ္စတာရှဗိုင်းမှာ လက်ခံရသမျှ ဖိတ်စာတိုင်းကို တက်ရောက်ရန် ပြန်လည်အကြောင်းပြန်လေ့မရှိပေမဲ့ သူနှင့်အရမ်းရင်းနှီးသော မိတ်ဆွေတွေ ဖိတ်ကြားသည့် ကပွဲနှင့် ဟောပြောပွဲတွေကိုတော့ မပျက်မကွက် တက်ရောက်လေ့ရှိသည်။

ထိုနေ့ကနေသာသည်။

မစ္စတာရှဗိုင်းနှင့် မင်းစက်တို့နှစ်ယောက်သား ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်း ဝတ်စုံပြည့်ဝတ်ကာ ရောက်ရှိနေကြသည်။ ရန်ကုန်တက္ကသိုလ် ရူပဗေဒပါမောက္ခ ဦးသန်းလွင်ဆိုသူ​၏ ဖိတ်ကြားမှုအရ ဟောပြောပွဲကို တက်ရောက်ဖို့ ရောက်ရှိနေကြခြင်းပင်။

ဟောပြောပွဲမှာ နေ့လည်စာ ထမင်းစားပြီး စမည်ဖြစ်သဖြင့် မင်းစက်တို့ ရန်ကုန်တက္ကသိုလ်ထဲသို့ ရောက်တော့ နေ့လည် ၁၂ နာရီခွဲ ရှိနေခဲ့လေပြီ။ မစ္စတာရှဗိုင်းကတော့ ရူပဗေဒဌာနထဲသွားကာ သူ့အသိမိတ်ဆွေ ပါမောက္ခတွေကို သွားရောက်နှုတ်ဆက်ရင်း စကားလက်ဆုံကျနေကြသည်။ မင်းစက်က်ို ဌာနထဲ အတူတူ လိုက်လာဖို့ ခေါ်ပေမဲ့ မင်းစက်မှာ အလာပသလယပစကား ပြောချင်စိတ်မရှိသေး၍ ငြင်းကာ သူမှတ်မိသော ရန်ကုန်တက္ကသိုလ်ကြီးနှင့်မတူ ကွဲပြားခြားနေသော တက္ကသိုလ်ကြီးကို ပရဝုဏ်ထဲ လမ်းတလျှောက်လျှောက်ဖြင့် လိုက်ကြည့်နေခဲ့မိပါသည်။

မင်းစက် ဒီဘက်ကမ္ဘာကို စရောက်ကတည်းက ဒီဘက်ကမ္ဘာသည် မင်းစက်နေထိုင်ခဲ့သော တစ်ဖက်ကမ္ဘာနှင့်မတူ တော်တော်ကို တိုးတက်လှကို သတိထားမိသည်။ သူကိုယ်တိုင်လည်း ဘိလပ်ကော ပါရီကော ရောက်ဖူးပြီသားမို့ ဒီဘက်ကမ္ဘာက ရန်ကုန်မြို့မှာ အ​နောက်တိုင်းနိုင်ငံတွေ​၏ အငွေ့အသက်တွေ အများကြီး လွှမ်းခြုံထားသည်ကို ခံစားရနေမိသည်။ လွှမ်းခြုံနေသည်မှာလည်း သိပ်ပြီးထူးဆန်းသည့်ကိစ္စတော့မဟုတ်။

Two Hearts at one overlapped FrequencyWhere stories live. Discover now