Part - 3

207 22 0
                                    

One Last Time..Pt 3

တကယ်ချစ်မိသွားတဲ့အခါ
ပိုင်ဆိုင်ဖို့ ကြိုးစားကြလိမ့်မယ်...။

မဖြစ်နိုင်မှန်းသိနေတဲ့အခါ
ချစ်ရတဲ့သူပျော်ဖို့ ကြိုးစားကြလိမ့်မယ်...။

~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘယ်လောက်ပဲကြာသွားပါစေ
ကျွန်တော့်ရင်ထဲ ကိုကို့ကိုမမေ့နိုင်ဘူး။
ဒါပေမယ့် ကျွန်တော့ကိုမချစ်တဲ့ ကိုကို့အတွက် မငိုတော့ဘူး။
ကျွန်တော့်ကို ချစ်ပေးတဲ့သူတွေအတွက်
ကျွန်တော့်အပြုံးတွေကို အသက်သွင်းပေးရ
လိမ့်မည်။

ကျွန်တော့်နေရာမှာ ကိုကိုဆိုရင်ရော.....။

ကိုကို့ကိုသတိရတဲ့အခါ ကောင်းကင်ကို
မော့ကြည့်ပြီး ကိုကို့ကိုအရမ်းချစ်တယ်လို့
ပြောမိမယ်။ဒါကကောင်းကင်ကြီးလိုပဲ
ကိုကို့ကိုချစ်တဲ့အချစ်တွေက ကျွန်တော့အပေါ်စိုးမိုးထားလို့။

ကိုကို့အတွက်တစ်ခါငိုမိတဲ့အခါ
ကျွန်တော်ဆယ်ခါပြန်ပြုံးမိမယ် ကိုကို။
ဒါကကျွန်တော့်ကိုချစ်တဲ့သူတွေရဲ့ဆန္ဒကို
ဥပေက္ခာမပြုနိုင်လို့။

ကိုကိုနဲ့ကိုကိုချစ်တဲ့မိန်းကလေးရော
အဆင်ပြေရဲ့လား။
အဆင်ပြေဖို့ကျွန်တော်ဆုတောင်း
ပေးချင်ပါတယ်။
ဒါကကျွန်တော်ချစ်တဲ့ကိုကိုပျော်ရွှင်ဖို့။

"Baekhyun"

"......."

"Baekhyun"

"ဟင် ဘာ ဘာလဲ Kyung Soo"

"ငါခေါ်နေတာကြာပြီလေ
မင်းဘာတွေတွေးနေတာလဲ"

Kyung Sooကစိတ်ဆိုးနေတဲ့မျက်နှာနဲ့
ရန်တွေ့နေပြန်ပါပြီ။

"ဘာမှမတွေးပါဘူး မင်းကလည်း"

"ဟွန်း...လာလိမ်မနေနဲ့
မင်းအကြောင်းငါမသိတာမှတ်လို့
မင်းဟိုလူကိုမမေ့နိုင်သေးဘူးမလား"

Kyung Sooကခုနောက်ပိုင်း ကိုကို့ရဲ့နာမည်ကို
လုံး၀ထုတ်မပြောတော့ပဲ ဟိုလူလို့သာ
သုံးနှုန်းခဲ့တယ်။ဘာလို့ဆို နာမည်ကြားပြီး
ကျွန်တော်ပိုသတိရနေမှာဆိုးလို့တဲ့။

နှာခေါင်းရှုံပြီးပြောနေတဲ့Kyung Sooကို
ကြည့်ရင်း ကျွန်တော်ခေါင်းညိတ်ပြီးသာ
အဖြေပေးနိုင်ခဲ့သည်။

One Last TimeWhere stories live. Discover now