Part - 9

184 14 0
                                    

One Last Time..Pt 9

လက်မခံမှန်းသိလည်း ကိုယ်ဇွတ်တိုးမယ်ဆိုရင်ရော.....

~~~~~~~~~~~~~~~~~~~~~~
"ဟာကွာ"

Chanyeol စိတ်ပျက်လက်ပျက်သာအော်ဟစ်
ပြစ်ချင်မိသည်။

ဘာလို့များတုံးအခဲ့တာလဲ။ဘာလို့မမြင်နိုင်ခဲ့ရ
တာလဲ။ဒီလိုနောင်တရစရာတွေရှိခဲ့မယ်ဆို
ကိုယ်တန်ဖိုးထားခဲ့ပါတယ် Baekhyunee။

နှလုံးသားထဲလည်းမွန်းကြပ်လွန်းလို့
ဘယ်သူနဲ့မှမတွေ့ချင်တော့လောက်အောင်
ဖြစ်နေခဲ့လို့။မင်းကိုပဲတွေ့ချင်တာ
မင်းကိုပဲချစ်ချင်တာ။မင်းကိုပဲ လိုချင်တာ
Baekhyunee။

မင်းလေးချစ်ပါတယ်ဆိုတဲ့သူဆီက
ကိုယ်မင်းကိုလုယူမယ်။
ကိုယ်ရက်စက်တယ်ပြောလည်း ဂရုမစိုက်ဘူး။

ကိုယ့်ကိုချစ်ခဲ့တဲ့ ကိုယ်ကချစ်နေရတဲ့
မင်းကို ဘယ်သူ့လက်ထဲမှမထည့်ပေးနိုင်ဘူး။

~~~~~~~~~~~~~~~~~~~~~~~~~

"Oppa "

"အော် Hyejinလာလေ"

Hyejinကကျွန်တော်ထိုင်နေတဲ့ခုံလေးဘေးမှာ
လာထိုင်တယ်။

"Oppa Hyejinကိုလိုက်ရှာနေတယ်ဆို
ဘာပြောစရာရှိလို့လဲ"

"ကိုယ်ပြောရမှာတော့အားနာပါတယ်
Hyejinကိုကိုယ့်ချစ်သူပါလို့ပြောထားတဲ့ကိစ္စ
လေ သိတယ်မလား"

"အော် အဲ့ကိစ္စလား ရပါတယ်
Oppaကလည်း ဘာမှမဖြစ်ပါဘူး
ကူညီပေးတယ်လို့သဘောထားလိုက်နော်
အားမနာနဲ့"

"အဲ့ဒါကိုယ်သိပါတယ် အခုကတကယ်အကူအညီတောင်းချင်တာပါ"

တကယ်အားလည်းနာရပါသည်။
Hyejinကိုချစ်တယ်လို့လိမိညာပြီးတွဲတာ
ထက် ဒီလိုပွင့်ပွင့်လင်းလင်းနဲ့
အကူအညီတောင်းတာကပိုအဆင်ပြေတယ်
မလား။

"ဟို.. ကိုယ့်ချစ်သူအဖြစ်ဟန်ဆောင်ပေးနိုင်
မလားလို့"

"ဘယ်လို Oppa"

"ဟုတ်ပါတယ် ကိုယ်သူ့ကိုပြန်ခံစားစေချင်လို့ပါ"

ငိုမဲ့မဲ့လေးပြောရင်းခေါင်းငုံသွားတဲ့Baekhyun
ကိုHyejinငေးကြည့်နေမိသည်။

ပိုင်ဆိုင်ချင်မိတယ် Oppaရယ်
ဒါပေမယ့် အတင်းမရယူဘူး.....။

"ရပါတယ် Hyejinကူညီမယ်လေ"

One Last TimeWhere stories live. Discover now