Part - 7

199 17 0
                                    

One Last Time..Pt 7

ကျွန်တော်ချစ်ခဲ့မိတယ် နာကျင်ရတယ်
အဲ့ဒီ့နာကျင်မူကိုအစားထိုးဖို့ လူတစ်ယောက်ကိုခုတုံးလုပ်ခဲ့တယ်။
ကျွန်တော့်နှလုံးသားကိုမြင်အောင်မကြည့်ပဲ
အဲ့လူပေါ်မှာအမှားတွေကျူးလွန်ခဲ့တယ်။

နောင်တဆိုတာနောင်မှရတယ်ဆိုတာကို
ကျွန်တော်သိပေမယ့် မခံစားခဲ့ဖူးတော့
သေချာမသိခဲ့ဘူး။ခုတော့ကျွန်တော်သိပြီ။
အဲ့ဒီနောင်တတွေကပေးတဲ့ ကျွန်တော့်နှလုံးသားရဲ့အဖြေကိုပေါ့။

~~~~~~~~~~~~~~~~~~~~~~~~

"Baekhyunee"

ဟင့်အင်း ကျွန်တော်မတွေ့ချင်ဘူး။
ကျွန်တော့်နှလုံးသားကိုဒဏ်ရာပေးသွားတဲ့
အဲ့ဒီသြရှရှအသံပိုင်ရှင်ကို။

"Baekhyunee"

ထပ်ခေါ်ပြန်ပြီ။ကျွန်တော်နောက်လှည့်မ
ကြည့်ပဲ အရှေ့ကိုသာပြေးထွက်ခဲ့မိတယ်။

မြန်မယ်လို့ထင်ခဲ့မိတဲ့ ခြေလှမ်းတို့က
ကျွန်တော့်လက်ကိုဆွဲယူလိုက်တဲ့ လက်တစ်စုံ
ကြောင့် မရပ်တန့်ချင်ပဲရပ်တန့်သွားခဲ့ရတယ်။

ဘယ်လိုဒဏ်ရာတွေထပ်ပေးချင်သေးလို့လဲ
ကိုကိုရယ်။

"Baekhyunee ကိုယ်ပြောတာနားထောင်ပေး
ပါကွာ ကိုယ့်ဘက်လှည့်ကြည်ပါဦး။

ဟင့်အင်း ကိုကို။ကျွန်တော့်ကိုထားခဲ့တုန်းက
ကိုကိုတစ်ချက်လေးတောင်လှည့်ကြည့်ခဲ့ဖူး
လို့လား။နားထောင်ဖို့လည်းအင်အားမရှိတော့
သလို လှည့်ကြည့်နိုင်စွမ်းလည်းမရှိတော့ဘူး။

"ကျွန်တော့်လက်ကိုလွှတ်ပေးပါ"

"Baekhyunee ကိုယ်ပြောတာလေးတော့.."

"ခင်ဗျားကိုကျွန်တော့်လက်ကိုလွှတ်ဖို့ပြောနေ
တာနားမပါဘူးလား"

ကျွန်တော့်ဘက်ကိုလှည့်ကြည်ပြီးပြောလာတဲ့
ကောင်ပေါက်ကလေးရဲ့မျက်လုံးစိမ်းစိမ်းတွေ။ ပြီးတော့ ခင်ဗျားတဲ့လား
ကိုကိုလို့ခေါ်ခဲ့ဖူးတဲ့ ဒီပန်းနုရောင်နှုတ်ခမ်းပါး
လေးကခင်ဗျားဆိုတဲ့အသုံးအနှုန်းကို
ရက်စက်စွာသုံးနှုန်းလိုက်တာလေ။
ကျွန်တော်ဖြေသာပါတယ် ဒါကကျွန်တော့်
အမှားတွေကြောင့်ဖြစ်ရတာလေ။

One Last TimeWhere stories live. Discover now