Part - 14

181 13 0
                                    

One Last Time..Pt 14

"Hyunငယ် ကိုယ်ဒီနေ့အားတာမို့
Dateကြမယ်လေ Hyunငယ်သွားချင်တဲ့နေရာ
ကိုယ်လိုက်ပို့ပေးမယ်လေ"

ကိုယ်လုပ်ပေးထားတဲ့Breakfastလေးကို
စားနေတဲ့ကောင်လေးက ခေါင်းမော့ကြည့်
လာသည်။

နောက်တော့"ဟင့်အင်း"လို့ပြောပြီး
ဆက်စားနေသည်။

"ဘာလို့လဲ ကလေးရဲ့
နေမကောင်းလို့လား"

ထိုတော့မှခေါင်းလေးခါရင်း

"မဟုတ်ဘူး KyungSooတို့နဲ့ချိန်းထားလို့"

"အဲ့ဒါဆိုကိုယ်လိုက်ပို့ပေးမှာပေါ့"

"မပို့နဲ့ ကိုယ့်ဘာသာကိုသွားချင်လို့"

Chanyeolမျက်နှာပျက်သွားပေမယ့်
ဘာမှမဖြစ်သလိုထိန်းရင်း

"ဟုတ်ပါပြီကွာ အဲ့ဒါဆိုသွားလေ မိုးမချုပ်စေနဲ့နော် ကလေးလေး"

"ဟုတ်"

ထပ်ပြီးတိတ်ဆိတ်သွားပြန်ပါပြီ။

ကျွန်တော်နာကျင်နေလည်း ကလေးငယ်
ပျော်တာမို့ ဒီတိုင်းလေးပဲပြုံးနေလိုက်တယ်။

Breakfastစားပြီး ကျွန်တော့်ကိုတောင်မနှုတ်ဆက်ပဲထွက်သွား
တဲ့ ကလေးငယ်နောက် ကျွန်တော်
လိုက်ခဲ့မိတယ်။

လမ်းထိပ်တစ်နေရာမှာ ရပ်ပြီးစကားပြောနေတဲ့ ကလေးငယ်နဲ့
Hyejinဆိုတဲ့ကောင်မလေး။

"Oppa စောစောစီးစီးဖုန်းဆက်လို့ပါလား
ဘာလဲ ယောကျာ်းနဲ့ရန်ဖြစ်လာတာလား"

"မဟုတ်ပါဘူး Hyejinကလည်း
သူကလေ ဒီနေ့Dateကြမယ်တဲ့
ကိုယ်လည်းDateချင်ပေမယ့်
သူ့ကိုနာကျင်စေချင်သေးတာမို့
မDateဘူးပြောခဲ့တယ်"

"ချစ်နေသေးရက်နဲ့ ဘာလို့နာကျင်စေချင်နေတာလဲ Oppaရယ်
သူ့ကိုနာကျင်အောင်လုပ်လေ Oppaလည်း
နာကျင်ရလေမလား"

Hyejinလည်းနာကျင်နေတယ် Oppaရယ်။

"ဒါပေမယ့် ကိုယ်မှသူ့ကိုမယုံရဲသေးတာ
အခုလည်းသူနာကျင်အောင်လုပ်ခဲ့ပေမယ့်
သူနာကျင်နေမှာလည်းဆိုးတယ်"

Hyejinသက်ပြင်းချမိသည်။
ချစ်ရသူဟာ သူ့ရဲ့သက်ဆိုင်သူကြောင့်
နာကျင်နေရသည်မဟုတ်လား။

One Last TimeWhere stories live. Discover now