Part - 6

200 17 0
                                    

One Last Time..Pt 6

ကျွန်တော့်စိတ်တွေရှုပ်ထွေးနေခဲ့တာ။
တစ်နေ့လုံးကျွန်တော့်ရဲ့အတွေးတွေထဲနေရာ
ယူထားတာ Baekhyunee။

ဒီကောင်လေးနဲ့အမှတ်တရတွေကိုပြန်တွေးမိတယ်။ကျွန်တော့်ဆီသူပို့ခဲ့ဖူးတဲ့စာလေးတွေ
ကျွန်တော်ခုထိမဖျက်ရသေးဘူး။
ကျွန်တော်ပြန်ကြည့်ပြီး အရားအားလုံး
ကျွန်တော့်အမှားဆိုတာသိခဲ့ရတယ်။

ကျွန်တော်ရူးမိုက်ခဲ့တာ။ကျွန်တော့်ကိုချစ်ခဲ့တဲ့သူကိုမှထားပြစ်ခဲ့တာ ကျွန်တော့်အမှား။

အရမ်းချစ်ပေးတာတောင် တန်ဖိုးမထားမိခဲ့တဲ့
ကိုယ့်ကိုနောက်တစ်ကြိမ်လောက်ဖြစ်ဖြစ်
ခွင့်လွှတ်ပေးနိုင်မလား Baekhyunee။

ဆိုင်သူရှိနေပြီမှန်း ကိုယ်သိပါတယ်။
Hyuneeရဲ့အချစ်ကကိုယ်နဲ့မထိုက်တန်မှန်း
လည်းသိတယ်။

အတ္တကြီးစွာ တောင်းဆိုပါရစေ။
Hyuneeကိုကိုယ့်ရင်ခွင်ထဲမှာတစ်ခါပဲဖြစ်ဖြစ်ထွေးပွေ့ထားခွင့်ပြုပါ။

~~~~~~~~~~~~~~~~~~~~

အိမ်မက်တစ်ခုလို့ပဲ သတ်မှတ်လိုက်မယ်။
ချစ်ခဲ့သမျှ နောင်တရလားဆိုတော့ ဟင့်အင်း
ကျွန်တော်အတတ်နိုင်ဆုံးချစ်ပေးခဲ့တာပဲ။

ကိုကိုဟာဘယ်တုန်းကမှကျွန်တော့်အပိုင်
မဖြစ်ခဲ့ဘူးလေ။ချစ်ပေမယ့်မုန်းမိတယ် ကိုကို။

နှလုံးသားကတော့ အကောင်းတိုင်းမဖြစ်တော့
ဘူး။ကိုကိုဆိုတဲ့ဒဏ်ရာလေးရှိနေတယ်။
ပျောက်ကင်းဖို့ကြိုးစားဖို့လည်း မတတ်နိင်ခဲ့ပေမယ့် အမာရွတ်ဟောင်းလေး
တစ်ခုအဖြစ်ပဲသတ်မှတ်မယ်။

ကိုကို့ရဲ့ရွေးချယ်မူအတွက် တစ်ခါပဲဖြစ်ဖြစ်
နောင်တရပေးပါ။

~~~~~~~~~~~~~~~~~~~~~~~
"ဟိတ် Yeol ပြောစရာရှိတယ်ဆို
Eunmiကအကြာကြီးစောင့်နေတာကို"

Eunmiပြောမှကျွန်တော်သတိပြန်၀င်လာခဲ့တယ်။ကျွန်တော့်အတွေးတွေက Baekhyunee
ဆီသို့သာ။

"ကိုယ်တို့လမ်းခွဲရအောင်"

Eunmiကသောက်လက်စအအေးခွက်ကို
ပြန်ချပြီး

"အကြောင်းပြချက်က"

သူမပုံစံကတုန်လှုပ်နေပုံမပေါ်ဘူး။

One Last TimeWhere stories live. Discover now