One Last Time..Pt 13
နိုးလာတဲ့ထိ စိတ်ကောက်မပြေသေးပါ။
ချက်ကျွေးသမျှတော့ ကုန်အောင်စားပေး
သွားတာမို့ ကျေနပ်ရသည်။စိတ်သာကောက်တာ ပူပူနွေးနွေး လင်တော်မောင်က အစားတော့မပျက်မခံ။
စားပြီးတာနဲ့ အခန်းထဲပြန်၀င်သွားတော့
လိုက်ချော့ရဦးမည်။"Hyunee ကလေးလေး"
ခေါ်နေတာတောင်လှည့်ကြည့်မလာ။
အနားမှာသွားထိုင်ပြီး လက်ကလေးကို
ကိုင်လိုက်တော့ မသိမသာရုန်းနေသည်။
တစ်ဖက်ကိုလှည့်နေတဲ့ မျက်နှာလေးကို
လိုက်ကြည့်မိတော့ အကြည့်မခံ။မကြည့်လည်းသိပါတယ်။
စူပုတ်နေမယ်ဆိုတာ။"ကိုယ်တောင်းပန်ပါတယ်ကွာ နော်
ကိုယ်မှားပါတယ်လို့""ဟွန့် "
အသံပိစိလေးထွက်လာသည်။
လှည့်တော့ကြည့်မလာ။"Hyunငယ်အိပ်နေတုန်းက Junmyeon Hyungဖုန်းဆက်တယ် ကလေးကို
သူ့ဖုန်းဆပ်တယ်လို့ပြောပေးပါတဲ့""အင်း နောက်မှပြန်ဆက်လိုက်မယ်
ခုအိပ်တော့မယ် မနက်ကျောင်းသွားရမှာ"ပြောချင်ရာပြောပြီး စောင်ကိုခေါင်းထိခြုံပြီး
အိပ်သွားပြန်တယ်။"ကျောင်းကပြန်လာတညက အိပ်နေတာကို
ခုထိအိပ်ရေးမ၀သေးဘူးလား""ဟုတ်တယ်"
စိတ်ဆိုးတဲ့အသံလေးနဲ့ပြန်ပြောရှာပါတယ်။
"ဟုတ်ပါပြီကွာ အိပ် အိပ် ကလေးလေး"
ချစ်ရသူလေးအနားရှိနေရင် ဘယ်လိုဖြစ်ဖြစ်
ပျော်ပါတယ်။၀မ်းနည်းနေရင်တောင် သူ့ရဲ့အပြုံးလေးမြင်ရရင်ဖြစ်ဖြစ် သူ့ရဲ့အသံလေးကြားရရင်ဖြစ်ဖြစ်
ပျော်ရွှင်မိနေတတ်တာမျိုး....။~~~~~~~~~~~~~~~~~~
ကျွန်တော် ကိုကို့အပေါ်ပြိုလဲချင်မိတယ်။
ယုံကြည်ချင်မိတယ်။မယုံရဲသေးဘူး။
ကြောက်တယ်။
ကိုကိုထပ်ပြီးထားခဲ့မှာကိုအိမ်မက်ဆိုးတစ်ခုလိုပဲ ကြောက်လန့်နေတုန်း။
YOU ARE READING
One Last Time
Fanfictionနောက်ဆုံးတစ်ခေါက်လောက်ဖြစ်ဖြစ် ကိုယ့်ရဲ့ဖြစ်တည်မူတွေကို မင်းရဲ့အချစ်တွေနဲ့ ရှင်သန်ခွင့်ပေးပါ.....။