Part - 5

202 21 2
                                    

One Last Time..Pt 5

ခုတလော ကျွန်တော့်စိတ်ကိုကျွန်တော်မခန့်
မှန်းနိုင်တော့ဘူး။လေးလံရှုပ်ထွေးပြီး
တစ်ခုခုကိုတောင့်တနေသလိုမျိုး။

Eunmiနဲ့လည်းမတွေ့ဖြစ်တော့ဘူး။
မတွေ့ဖြစ်ဘူးဆိုတာထက် ကျွန်တော့်ဘက်က
ရှောင်နေခဲ့တာဆို ပိုမှန်လိမ့်မယ်။

အရင်ကဆိုEunmiနဲ့တွေ့ဖို့ဆို အရမ်းတက်ကြွ
နေခဲ့တဲ့ကျွန်တော်က ဘာလို့များခုလိုဖြစ်နေရ
တာလဲ မသေချာတော့ပါ။

မတွေ့ခဲ့လိုတစ်ချက်လေးတောင်မဆက်သွယ်
ခဲ့မိပါ။ သူမစိတ်ကောက်မှာလည်း မစိုးရိမ်မိပါ။

လေးလံနေတဲ့ ကိုယ့်စိတ်ကိုသာ
အဖြေရှာရခက်နေမိတယ်။

ဟူးး...

လေပူတစ်ချက်ကိုမှုတ်ထုတ်ရင်း ကုတင်ပေါ်သာ ပြစ်လှဲလိုက်သည်။

~~~~~~~~~~~~~~~~~~~~~~~~~

မသိစိတ်က တမ်းတမိတာအမှန်ဆို
အချစ်တစ်ခုဖြစ်နေမလား....."

~~~~~~~~~~~~~~~~~~~~~~~~~
"Oppa"

လမ်းလျှောက်နေရင် နောက်ကခေါ်သံတစ်ခု
ကြောင့်လှည့်ကြည့်မိလေတော့ Hyejin...။

အခုဆိုဒီကောင်မလေးနဒ့အတော်အသင့်ကို
ရင်းနှီးနေပါသည်။

အကြိုက်ချင်းလည်းတစ်ချို့တူညီသလို
တစ်ယောက်အကြောင်းတစ်ယောက်လည်း
အပြန်အလှန်ပြောဖြစ်သည်။

"အော် Hyejin ကျောင်းသွားမလို့လား"

"ဟုတ်တယ်လေ Oppaကလည်း
OppaကHyejinကိုတောင်မစောင့်ဘူးနော်"

ကျောင်းအတူတူပြန်အတူတူသွားနေကြသည်မို့။ဒီနေ့တော့ကျောင်းကိုစောစောထွက်လာမိတာ။

"Hyejinကိုခေါ်မလို့ပဲ ကိုယ်ကစောစောထွက်လာမိတော့
Hyejinလည်းမြန်မြန်အလှပြင်နေရမှာဆိုးလို့"

"မဟုတ်တာပါနော် Hyejinကစောစော
လာတတ်တယ်ရယ် Oppaကိုစောင့်နေလို့သာ
စောစောမလာဖြစ်တာ"

"အော် ဒါဆိုကိုယ်ကြောင့်နေ့တိုင်းနောက်ကျတယ်ပေါ့"

"အယ် မဟုတ်ဘူးလေ Oppaကလည်း ဟီး"

သွားလေးဖြီးပြီးပြောနေတဲ့ကောင်မလေးကို
ကြည့်ပြီး ရယ်နေတုန်း။

One Last TimeWhere stories live. Discover now