Part - 4

205 23 0
                                    

One Last Time..Pt 4

အချစ်စစ်ဟာ ပြည့်စုံမူမရှိခဲ့ရင်တောင်
တစ်ဘ၀လုံးအတွက်တော့ မှန်ကန်ခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~
လူတစ်ယောက်ကို မေ့ပြစ်ဖို့က အချိန်အတိုင်း
အတာနဲ့မဆိုင်ဘူးထင်တယ်။ အဲ့လူအပေါ်ချစ်
ခဲ့တဲ့အချစ်နဲ့ပဲဆိုင်လိမ့်မယ်။

ကိုကိုဆိုရင်ရော..

ကိုကို့အပေါ်ရက်စက်ခဲ့တဲ့မိန်းကလေးကို
အခုချိန်ထိချစ်နေတုန်းပဲမလား။
ကျွန်တော်လည်းတူတူပဲ ကိုကို။
ကျွန်တော့်အပေါ်ရက်စက်ခဲ့တဲ့ကိုကို့ကို
ခုထိချစ်နေတုန်းပဲ။

ဒါပေမယ့် ကိုကိုကကံကောင်းတယ်။
အဲ့မိန်းကလေးကိုနောက်တစ်ကြိမ်ထပ်ပြီး
ပိုင်ဆိုင်ရတယ်။
ကျွန်တော်ကတော့ ကိုကို့ကိုမပိုင်ဆိုင်ရတော့
ဘူးမို့ မေ့ပြစ်ဖို့ကြိုးစားချင်မိတယ်။

ဒါပေမယ့် ကျွန်တော်မလုပ်ခဲ့ဘူး ကိုကို။
ဒီတိုင်းလေး နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာ
လေးကိုတော့ ကိုကို့အတွက်နေရာပေးထား
တယ်။

"ဟို Oppa အကူအညီလေးတောင်းချင်လို့"

"အင် ဟုတ် ဘာကူညီရမလဲဗျ"

ကျောင်း၀န်းထဲကခုံတန်းလေးမှာ
Kyung Sooကသူ့ဘဲကြီးနဲ့သွားတွေ့နေတာမို့
စောင့်နေတုန်း အနားရောက်လာတဲ့
ကောင်မလေးကြောင့် အတွေးစများရပ်တန့်
သွားရသည်။

"ညီမကိုလေ ကျောင်းအုပ်ရုံးခန်းဘယ်နား
မှာရှိလည်းပြောပြပေးပါလား"

"ဒီကနေတည့်တည့်သွားပြီး ညာဘက်ခြမ်း
ကအဆောင်ရဲ့အပေါ်ထပ်မှာ ကျောင်းအုပ်
ရုံခန်းရှိတယ် ညီမ"

"ဟုတ် Oppa ကျေးဇူးပါနော်
ညီမကဒီနေ့မှဒီကျောင်းကိုပြောင်းလာတာ
Business major Second yearsတက်မှာပါ ညီမနာမည်ကLee Hyejinပါ Oppaနာမည်ကရော"

စကားများတတ်တဲ့ကောင်မလေးထင်ပါရဲ့။
ဘာပဲဖြစ်ဖြစ် ခင်ဖို့ကောင်းမယ့်ပုံစံလေးပါ။

"အာ Majorတူပဲ ကိုယ့်နာမည်က
Byun Baekhyunပါ Third yearsကပါ"

"ဟုတ် Oppaလို့ပဲခေါ်မယ်နော်
ညီမကိုလည်း Hyejinလို့ပဲခေါ်ပေါ့
ဒါဆိုညီမတို့သူငယ်ချင်းဖြစ်ကြပြီပေါ့
နောက်လမ်းမှာတွေ့ရင်ခေါ်မယ်နော်"

One Last TimeWhere stories live. Discover now