part 5

158 20 1
                                    

"Hello Yoongi Hyung မတွေ့ရတာ များကြီးများကြီးကြာနေပြီပဲ မျက်နှာကြီးကလည်း ဝမ်းမသာတဲ့ရုပ်ကြီးနဲ့ ဘာလဲ ကိုယ့်ညီလေးတစ်ယောက်လုံးပြန်လာတာတောင် မကြိုဆိုချင်တာလား"

ဆူပုပ်ပုပ်လေးပြောနေပြန်တဲ့ ထယ်ယောင်းငယ်ကိုကြည့်ပြီး အချစ်ပိုရပြန်ရော

ဇာတိမြို့တူတဲ့အပြင် မိဘတွေကပါသူငယ်ချင်းအရင်းကြီးတွေဖြစ်နေခဲ့တော့ ညီအကိုတွေလိုဖြစ်နေတာကမဆန်း။

ထယ်ယောင်းငယ်ကလည်းချစ်ဖို့ကောင်းသည်ကိုး

"မဟုတ်ပါဘူး ယောင်းငယ်ရ အံ့ဩသွားတာပါ အခုချိန်ဆိုအလုပ်မှာရှိနေရမှာမဟုတ်လား ဘယ်လိုလုပ်hyungဆီရောက်နေရတာလဲ ပြီးဝောာ့ hyungအခုတွေ့ရမှာက အသစ်ဝင်လာမယ့် Art Director Vincent Kimလေ"

ကျွန်တော်ကအံ့ဩနေပေမယ့် အထာပါပါကြည့်နေတဲ့ အဲ့ကလေးစုတ်ကလေးကိုမြင်မှပဲ wait ယောင်းငယ်က aboardမှာ Art Majorအဓိကမလား ပြီးတော့ အလွတ်တန်းဓာတ်ပုံဆရာ။မဟုတ်မှ အသစ်လာမယ့် Art directorက...

အခုမှပဲသဘောပေါက်တော့သည်။

"Nice to meet youပါ Art Director Vincent Kim"

ကျွန်တော်ပြုံးစစနဲ့ မျက်မှောင်ကုတ်ကာပြောတော့ ခွက်ထိုးခွက်လန်ရီတဲ့ အနှီကောင်ဆိုးလေး

"Hyungသိတာကြီးကလည်းမြန်လိုက်တာဗျာ ဒီမှာမျက်မှောင်ကျုံ့ထားတဲ့ကြောင်ကြီးကို ကြည့်ရတာအရသာရှိနေတာကို"

"ဒီကလေးကတော့ ရွတ်နောက်နောက်နဲ့ Art Directorရာထူးယူမယ့်သူက အဲ့လိုနေလို့မရဘူးနော် ယောင်းငယ် Hyungကြိုပြောထားတာ"

ဒီလိုပြောတော့ဆူပုပ်ပုပ်လေးပြန်ဖြစ်သွားပြန်ရော

"Hyungက ကျွန်တော့်တွေ့တာနဲ့ဆူပြီဗျာ ကျွန်တော်နဲ့တွဲလုပ်သမျှလူတွေကိုသွားမေးကြည့်ပါဦး အလွတ်တန်းလုပ်လာသမျှသက်တမ်းတစ်လျှောက်လုံး ရွှတ်နောက်နောက်တစ်ခါမှမလုပ်ဖူးဘူး"

"ဟုတ်ပါပြီကွာ Hyungကဒီတိုင်းပြောပြတာပါ စာချုပ်ဖတ်ပြီးပြီမလား ဒါဆို Sign ထိုးရအောင်"

"Okလေ hyung။ မြန်မြန်လုပ်ပြီး Companyကိုတစ်ချက်လောက်ပတ်ကြည့်ရမယ်။ဝန်ထမ်းတွေကို ကျပ်သင့်တာကျပ်ရအောင်လို့။ ပြီးရင်hyungဘယ်အချိန်ရုံးဆင်းမှာလဲ ထမင်းလိုက်ကျွေးပါလား အားတယ်မလား ကောင်မလေးနဲ့ချိန်းထားတာတွေဘာတွေရှိလည်း cancelလိုက်"

As you wishWhere stories live. Discover now