Part 7

125 22 0
                                    

" မင်း ဒါကိုမှ မှန်အောင်မလုပ်နိုင်ရင် ငါ့teamထဲ ဝင်လာမနေနဲ့တော့ Catalogueတွေလည်းအကုန်လွဲနဲ့။သွား အစကနေပြန်လုပ်ခဲ့"

Jungkookရဲ့ debut MVအတွက် အစအဆုံးအကုန် ပြင်ဆင်နေရခါမှ အမှားလုပ်တဲ့ ဝန်ထမ်းကြောင့် ခေါင်းကိုသာထိုးဖွမိသည်။

"တောက်...အကုန်အစကနေပြန်လုပ်ရတော့မှာပဲ f××k"

စိတ်တိုတိုနဲ့အသံတိတ်ဆဲမိတုန်း တိုးဝင်လာတဲ့ Yoongi hyungအသံ

"ဒေါက်....ဒေါက်...Hyungဝင်လာလို့ရလား"

"ဟာ Hyungဝင်ခဲ့လေ လာထိုင်လာ CEOက Directorကိုခွင့်တောင်းနေစရာမှမလိုတာပဲကို"

"ဟ..ဟ အဲ့လိုတော့လည်းဘယ်ဟုတ်မလဲ Hyungကယောင်းငယ်ကို CEOအနေနဲ့ လာကြည့်တာမှမဟုတ်ပဲ"

ရယ်ရယ်မောမောနဲ့ ကျွန်တော်ညွှန်ပြရာ Sofaမှာဝင်ထိုင်တဲ့hyungကိုကြည့်ရတာ ပေါ့ပါးသယောင်ထင်ရပေမယ့် မေးခွန်းတွေများနေပုံပင်။

"အလုပ်လုပ်ရတာအဆင်ပြေရဲ့လား ယောင်းငယ် ။အခုဘာပြဿနာတက်လို့ အသံတိတ်ဆဲတဲ့အထိဖြစ်နေရတာတုန်း"

"Jungkook debutအတွက် Catalogueပြင်ဆင်ထားခိုင်းတာကို ကျွန်တော် အစည်းအဝေးမှာ မှာထားတဲ့အတိုင်းမဟုတ်ပဲ အမှားတွေကြီးထည့်ပြင်ပြီး stylish teamဆီပို့လိုက်တယ်လေ။အဲ့ဒါဟိုဘက် Managerက ကျွန်တော်ပြောတာနဲ့မတူလို့ ဖုန်းဆက်လာမှသိတယ်။"

"ဝိုး ပြဿနာအကြီးကြီးပဲ။အခုရော ဘယ်လိုဖြစ်သွားလဲ"

"ဘယ်လိုဖြစ်ရမလဲ hyungတွေ့လိုက်တဲ့အတိုင်း အကုန်အစကနေပြန်လုပ်ပြီး ပြန်ပို့ရတော့မှာပေါ့။စိတ်ညစ်လိုက်တာဗျာ"

ကျွန်တော်ငြီးတွားမိတော့ hyungက ပုခုံးကိုဖွဖွသပ်ပေးသည်။

"စိတ်လျှော့ပါ ယောင်းငယ်ရ။ရိုက်ကူးရေးကနှစ်လလောက် လိုပါသေးတယ်။တအား stressဖြစ်ရင် hyungကိုလာပြော ဟုတ်ပြီလား"

ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြတော့ hyungက ကလေးပါကွာဆိုတဲ့ပုံနှင့်ရယ်ကာခေါင်းခါသည်။

အတွင်းရေးမှူးလာချပေးထားတဲ့ ကော်ဖီခွက်လက်ကိုင်ကို ဖွဖွလေးပွတ်ကာ တွေဝေနေတဲ့Hyungပုံစံက ပုံမှန်မဟုတ်ပါ။

As you wishWhere stories live. Discover now