part 6

137 23 1
                                    

ကျွန်တော်ဒီနေရာကနေထပြန်ရင်ကောင်းမလား။ဘာလို့ရယ် ရေရေရာရာမသိပေမယ့်  အကိုYoongiရဲ့ ကောင်မလေးလို့တွေးမိရုံနဲ့တင် ဒီနေရာမှာဆက်မနေချင်တော့ပါ။

"အကို Seokjin ကျွန်တော်ပြန်လိုက်တော့မယ် ဒီနေ့ကူညီပေးတာကျေးဇူးနော်"

"Jimin ဘယ်ကိုသွားမှာလဲ Yoongiတို့တောင်ရောက်လာတော့မယ် စားသောက်ပြီးမှပြန်လေ အကိုတို့လိုက်ပို့ပေးမယ် ခြေထောက်လည်းထိထားတာကို"

ဟင့်အင်း မနေချင်ပါ။တွေးကြည့်ရုံနဲ့တင် တစ်စက္ကန့်လေးတောင် ထပ်မနေ‌ချင်တော့ပါ။မျက်နှာချင်းဆိုင်လည်း မတိုးချင်တာကြောင့် Coatကိုသာ ကောက်ယူပြီး ပြန်မယ်တကဲကဲသာလုပ်နေမိသည်။

"ရတယ် အကို Taxiငှားသွားလိုက်မယ် ခြေထောက်ကဒီလောက်မနာတော့ပါဘူး"

ကလင် ( Bell ring )

ကျွန်တော့်ဆန္ဒတွေပြည့်ပုံမပေါ်။တံခါးဝကပေါ်လာတဲ့အကို့အသံက အံ့ဩနေသယောင်ပေါ်သည်။

"Jimin အရေးကြီးကိစ္စရှိလို့လား ထော့နေတဲ့ခြေထောက်နဲ့ ဘယ်လိုလုပ်အတင်းတွေပြန်နေတာတုန်း"

" ဟို...ဟိုလေ.…အကို အရေးကြီးတာရယ်တော့မဟုတ်ပေမယ့် အကိုတို့အကုန်ဆုံမယ့်အချိန်မှာ ကျွန်တော်ကရှုပ်သလိုဖြစ်နေမှာစိုးလို့ ကျွန်တော်ပြန်လိုက်မယ်အကို အရှေ့ကနေတက္ကစီငှားသွားလိုက်မယ် "

" အရေးမကြီးဘူးဆိုရင် နေလိုက်ဦးပေါ့ အကိုတို့အတွက်အရေးကြီးတဲ့သူမို့လို့ ကိုယ်မင်းနဲ့မိတ်ဆက်ပေးချင်လို့ လာထိုင် "

ပုခုံးကနေကိုင်ပြီး ထိုင်ချခိုင်းတော့လည်း ငြင်းမရပြန်။အရေးကြီးကိစ္စရှိတယ်ပြောလိုက်ရမှာ အခုတော့.....

"Yoongiရောက်လာပြီလား ကလေးရောဘယ်မှာလဲ လူကတော့Hoseokကလွဲပြီးစုံပြီ။သူကတော့ကိစ္စရှိလို့နည်းနည်းနောက်ကျမယ်တဲ့။"

အကိုSeokjinလှမ်းမေးတဲ့စကားကို အကိုက ပြုံးစစနှင့် " လာလိမ့်မယ် ဖုန်းပြောနေလို့ " ဟုသာပြန်ဖြေသည်။

အကိုနဲ့ခင်လာတဲ့ကာလပတ်လုံးမှာ အဲ့လိုအပြုံးမျိုးကျွန်တော်မမြင်ဖူးပါ။နူးနူးညံ့ညံ့အပြုံးမျိုး ....

As you wishWhere stories live. Discover now