Part 8

118 18 0
                                    

Unicode

ကလင်*

ဆိုင်တံခါးကဘဲလ်သံကိုကြားလိုက်တဲ့အခါ အတွေးလွန်နေရင်းကနေပင် ကြိုဆိုပါတယ်လို့ ပါးစပ်ကအလိုလိုထွက်သည်အထိ ကျွန်တော်ဒီအလုပ်မှာကျင့်သားရနေခဲ့သည်။ဝယ်သူကိုကြည့်မိတဲ့အခါ အကိုYoongi။

လက်ဖျားတွေရော ခြေဖျားတွေအထိပါအေးစက်သွားသလိုပင်။ဒီကြားထဲ ကျွန်တော် အကို့ကို သိသိသာသာရော မသိမသာပါရှောင်နေခဲ့သည်။

Taehyungပြောသလို စိတ်ကိုထားဖို့ကြိုးစားနေပေမယ့် မျက်နှာချင်းဆိုင်တွေ့ရတဲ့အခါ အကို့ကိုကျွန်တော်မျက်နှာပူရသေးသည်မဟုတ်ပါလား။ဆိုင်ဖွင့်ရဲ့လားဆိုပြီး မျက်လုံးကိုပြူးပြူးလေးလုပ်ကာ ဝင်လာတဲ့အကိုကတော့ ဘာမှမသိနေပါ။

"Jimin ဆိုင်ပြန်ဖွင့်ပြီပဲ ဒီကြားထဲပျောက်နေလို့ ကိုယ်စိတ်ပူနေတာ"

အကို့ကိုမရမက အကြည့်လွှဲရင်း

"ဪ ဟုတ် ကိစ္စလေးတွေရှိလို့ပါ။ပုံမှန်အတိုင်းပဲမဟုတ်လား။ကျွန်တော်လာချပေးပါမယ်။အကိုအေးဆေးထိုင်နေလိုက်ပါ"

"အင်းအင်း"

စကားမြန်မြန်ဖြတ်တဲ့အခါ အကိုက ဘာမှပြန်မပြောပဲ ကျသင့်ငွေရှင်းကာ ထိုင်နေကျထောင့်ခုံလေးမှာအေးဆေးသွားထိုင်သည်။

မှာထားတာတွေသွားချပေးကာ လှည့်ထွက်လာရင်း ကောင်တာနောက်ရောက်အောင်မြန်မြန်လျှောက်မိသည်။လက်ထဲမှာကိုင်ထားတဲ့ကော်ဖီဗန်းကိုရင်ဘတ်ထဲကျစ်နေအောင်ပိုက်ကာ

"Park Jiminစိတ်ကိုထိန်းမယ် မူမပျက်စေနဲ့"

အကို့ကိုလှမ်းကြည့်မိတော့ PCဖွင့်ကာ ကော်ဖီကိုတစိမ့်စိမ့်သောက်ရင်း အလုပ်လုပ်နေသည်။ဒါအကိုဆိုင်မှာထိုင်တိုင်းမြင်နေကြမြင်ကွင်းပေမယ့် ဒိနေ့ကျမှ ပိုပြီးလင်းထင်းနေသလိုပင်။ဒီနေ့အပြင်မှာ နေတအားသာတယ်ထင်ပါရဲ့။

ဝယ်သူထပ်ရောက်လာလို့ အလုပ်ထဲကိုစိတ်ပြန်ရောက်သွားသည်။တအောင့်ကြာတဲ့အခါ အကိုက လှမ်းခေါ်သည်။အနားရောက်တော့ မပြောမဆိုနဲ့ လက်ကိုလှမ်းဆွဲကာ မျက်နှာချင်းဆိုင်ခုံမှာထိုင်ခိုင်းသည်။

As you wishWhere stories live. Discover now