Part 9

189 19 2
                                    

"ပင်လယ်ကြီးကို လွမ်းနေတာ"

"ဟင် ဘယ်လို"

"ငါ ပင်လယ်ကြီးကိုတအားလွမ်းနေတာ Jiminရ"

"မင်းဟိုမှာတုန်းက နေတဲ့နေရာက ပင်လယ်နဲ့တအားဝေးတာလား Taehyung"

"ဟင့်အင်း ကမ်းခြေနားကအိမ်မှာငါနေတာ"

"ဟမ်"

"အင်း ဟုတ်တယ်"

ကျွန်တော့်ကိုမထူးဆန်းသလိုတစ်ချက်လှည့်ရီပြကာ သဲပြင်တွေဖက်ကို အခင်းတွေမုန့်တွေကိုင်ကာသူသွားဖို့ပြင်သည်။ကျွန်တော်သာ အတွေးတွေနဲ့ ကြောင်ကြည့်နေမိ၏။

"လာလေ အဆိုးလေး ဘာရပ်လုပ်နေတာလဲ သွားမယ်လေ လမ်းလေးဘာလေးလျှောက်ရအောင်"

"ဟင် Taehyungကိုကူလိုက်ဦးမယ်အကို"

"ငါကမလိုဘူး မင်းနဲ့hyungနဲ့အေးဆေးနေလိုက်ရတယ်"

"ယောင်းငယ်ကမလိုဘူးတဲ့။လာသွားမယ်"

"Ah ဟုတ်အကို"

အကိုကခေါ်တော့လည်း ငြင်းမရတော့သည့်အခါ အကို့ဘေးမှာလိုက်ကာ လမ်းလျှောက်ဖြစ်သည်။ကမ်းစပ်က သဲ‌ပြင်မွမွကို ခြေရှပ်ထိုးကာလျှောက်တော့ တိမ်တွေပေါ်လမ်းလျှောက်ရသလိုပင်။နူးနူးညံ့ညံ့နှင့်။

မနက်‌ခင်းနေရောင်ခြည်နှင့် ဝတ်ထားတဲ့ရှပ်အင်္ကျီ လိမ္မော်ရောင်ရဲ့ရောင်ပြန်ဟပ်မှုနဲ့ ပနံသင့်စွာ အကိုကနဂိုထပ်ပင်တောက်ပလွန်းနေသည်။

ငေးလေငေးလေ ပိုငေးချင်လာရသည်။ဒီလိုဆိုတော့လည်း ဘဝက ‌နေပျော်စရာပင်။ခံစားချက်ကိုထိန်းချုပ်ထားဖို့တွေလည်း ခေါင်းထဲမဝင်လာတော့ပါ။

ဘယ်လောက်တောင်ငေးမိသွားလည်းမသိ။အကို့က ဟိတ်ဆိုပြီးလှမ်းစလာတဲ့အခါ လန့်ကာအော်မိသည်အထိ။သဲပြင်ပေါ်ပါဖင်ထိုင်ရက်ပြုတ်ကျသည်။

"အမေ့....အား"

"ဟေ့ အဆိုးလေး သတိထားလေကွာ ဘယ်လိုဖြစ်ရတာတုန်း ဆောရီးဆောရီးကိုယ်ကစလိုက်တာကို။မှန်း....ဘယ်နားနာသွားလဲ"

အားးရှက်လိုက်တာသေတော့မှာပဲ။

"ရ ရပါတယ် မ မနာပါဘူး"

You've reached the end of published parts.

⏰ Last updated: Dec 18, 2021 ⏰

Add this story to your Library to get notified about new parts!

As you wishWhere stories live. Discover now