Part1

728 59 1
                                    

Unicode

2017ခုနှစ် ဆောင်းရာသီ

မနက်ခင်းရဲ့နေရောင်ခြည်က လိုက်ကာပါးနောက်ကနေ အခန်းထဲမှာမပွင့်တစ်ပွင့်သာချဥ်းနင်းလျက်
အချိန်အားဖြင့်မနက် ခုနှစ်ခွဲ

ညကဆေးလိပ်ထွက်သောက်ရင်းဖွင့်ခဲ့တဲ့ဝရန်တာတံခါးကအခုထိပွင့်နေဆဲပွင့်နေမြဲ

ဆောင်းလေအေးတစ်ချက်အခန်းထဲကို ဝင်လာတဲ့အခါမှာတော့ Yoongiစောင်ပုံကြားထဲနင့်နင့်နဲနဲတိုးဝင်မိသည်

ဒုတိယတစ်ခါ

တတိယတစ်ခါ

ဒီအကြိမ်တွင်တော့ထမပိတ်၍မဖြစ်တော့ ဒီထပ်တိုက်ရင်သူလေဖြတ်တော့မည် တစ်ညလုံးလဲလေစိမ်းအတိုက်ခံပြီးပေတေအိပ်ပြီးပြီမဟုတ်လား...

အသားတွေတောင်နွေးတေးတေးဖြစ်ချင်လာ၍ ခေါင်းကိုတဗြင်းဗြင်းကုတ်ရင်း ခပ်တိုးတိုးသာဆဲရေးမိတော့သည်

ပြန်အိပ်ဖို့စဥ်းစားသော်လည်း ထိုးကိုက်နေတဲ့ခေါင်းနဲ့ ဟာနေတဲ့ဝမ်းကြောင့် ကိုယ်လက်ဆေးပြီးမနက်စာစားဖို့ကိုသာ ပြင်ရတော့သည်

ရေနွေးနွေးလေးနဲ့ချိုးလိုက်မှ လူကနည်းနည်းအဆင်ပြေလာသယောင် ဆွယ်လာမထူမပါးရယ် ဘောင်းဘီရှည်ရယ်သာဝတ်ထားပေမယ့် နဂိုဖြူတဲ့အသားကြောင့် လူကလင်းထင်းနေသလို

ကိုယ်လုံးပေါ်မှန်မှာမြင်နေရတဲ့ကိုယ်ကိုကိုယ်ကြည့်ရင်း ပြုံးမိသည်

ပိုက်ဆံကိုချိုးခြံခြင်းမရှိ ရေလိုသုံးပြီး ကောင်မလေးတွေနဲ့ပွေချင်ပွေနေတတ်တဲ့ ဆတ်ဆတ်ကြဲ Music Company CEO

ဒါMin Yoongiပဲ

အိမ်အောက်ထပ်ဆင်းလာတော့ Seokjin က မနက်စာပြင်နေလေရဲ့

ဒီလောက်အစောကြီးကို Seokjin မို့ ထနိုင်တယ်

" Morning "ဆိုတဲ့အသံနောက်မှာ Seokjinက လှမ်းပြုံးပြတယ်
နေထိုင်လို့မကောင်းတဲ့ကျွန်တော်ကတော့ ပြန်ပြုံးပြဖို့ဝေးစွ ထမအော်မိရင်တောင်ကံကောင်းမို့လို့ ဘာစကားမှမပြောပဲ ထိုင်ခုံမှာသာဝင်ထိုင်လိုက်တယ်

"မင်းကြည့်ရတာအရက်နာကျနေပြီပဲ ရော့ မင်းမနေ့ညက မူးပြဲလာထဲကိုက ဒီလိုဖြစ်မယ်သိလို့ငါကြိုဖျော်ထားတာ"

As you wishWhere stories live. Discover now