Part4

409 43 3
                                    

Unicode

နိုင်ငံရပ်ခြားရဲ့ ခမ်းနားမှုတွေကို မြင်နေရလည်းပဲ အရာရာကသိပ်အရေးမပါသယောင်

ဘယ်နေရာကြည့်ကြည့်ဝမ်းနည်းစရာတွေတစ်နင့်တစ်ပိုး

အရာရာကသူရှိနေတုန်းကလို အရာရာကသူနဲ့ပျော်ရွှင်ခဲ့တဲ့အချိန်တွေတုန်းကလိုပဲ

လှုပ်ရှားသွားလာနေကြတဲ့ရှုပ်ထွေးလူတစ်စုနဲ့ပဲ ဝမ်းနည်းမျက်ရည်ကျပြန်ပြီ ထပ်ပြီးတော့ နောက်ထပ်တစ်ခါထပ်ပြီးတော့ပေါ့

" ဟင် Taehyungနင် ငိုနေပြန်ပြီလား "

လှည့်ကြည့်မိတော့ ကျွန်တော့်သူငယ်ချင်းမလေးTracy

အိမ်နီးနားချင်းလည်းဖြစ်တဲ့Tracyက ကျွန်တော့်အတွက်တော့ လုံးဝသူငယ်ချင်းကောင်း

သူငယ်ချင်းကောင်းဆိုမှ Koreaက Jiminieကိုသတိရမိပြန်ရော။

မျက်ရည်တွေကိုမြန်မြန်သုတ်ပြီး သူမမယုံဘူးဆိုတာသိရက်နဲ့ မုသားသုံးမိပြန်တယ်

"မဟုတ်ပါဘူးဟ မျက်လုံးထဲဖုန်ဝင်လို့ပါ"

"တော်ပါပြီTaehyungရယ် မငိုပါနဲ့တော့ သုံးနှစ်တောင်ကြာပြီကို ဒီဖုန်ကမထွက်နိုင်သေးဘူးလားဟင် မှန်းစမ်း ဘယ်မလဲအဲ့ဖုန် ဆွဲဆွဲထုတ်ပစ်မယ်"

မျက်နှာနားကိုပြူးကာပြဲကာလာကြည့်ပြနေတဲ့ Tracyကြောင့် ထရီမိတော့သည်။

Omm.....သူမ ရှိနေခြင်းကပဲ ကျွန်တော်ဆက်ရှင်သန်နိုင်ခဲ့တာ

"တွေ့လားရီပြီ ဟဲဟဲ ငါအောင်မြင်ပြန်ပြီပေါ့ ‌"

"ဟုတ်ပါတယ်ခင်ဗျာ အမ Missionအောင်မြင်ပါတယ်"

ကျွန်တော်ပြောတဲ့စကားအဆုံး နှစ်ယောက်သားပြိုင်တူအော်ရီမိသည်။

"Tracy နင်ဘယ်ကနေရောက်လာတာလဲ"

"နင်ထိုင်နေတာ ငါ့အလုပ်နားက ပန်းခြံနော် အဲ့တာကိုဘယ်ကနေရောက်လာတာလဲဆိုတော့ မိုးပေါ်ကနေဆင်းလာတာဟေ့ ဖလူးဖလူးဆိုပြီး"

"Ah sry sry ငါမေ့သွားလို့"

မေ့ပြန်ပြီဆိုတဲ့ပုံစံနဲ့ Tracyက ကျွန်တော့်ကို မျက်စောင်းထိုးသည်။

"ဒါနဲ့ Taehyung ဒီနေ့ ဒီကိုဘာလာလုပ်တာလဲ နင့်လေယာဉ်ကရော ဘယ်အချိန်လဲ"

As you wishWhere stories live. Discover now