Part3

386 45 5
                                    

Unicode ver

တံခါးကိုတွန်းကာဖွင့်ဝင်လာတော့ ခေါင်းလောင်းသံလေးနဲ့အတူ ကြိုဆိုပါတယ်ဆိုတဲ့အသံလေးက လွင့်ခနဲ...

"ဪ အကိုYoongi  လာလေ ပုံမှန်အတိုင်းပဲမလား"ဆိုတဲ့စကားနဲ့အစချီတဲ့ ဒီစကားဝိုင်းမှာ ကျွန်တော်က ခေါင်းညိတ်ရုံသာ

အစအဆုံး သူပဲပြင်ဆင် သူပဲတည်ခင်းသည်။ဘာရယ်ဟူ၍ပင်ပြောစရာမလို ကောင်လေးကမှတ်မိသည်။

နှစ်ပတ်

ကျွန်တော်ဒီ cafe လေးဆီမှာ ဆွဲဆောင်ခံရတာတစ်ပတ်ပြည့်တဲ့နေ့....

ဆွဲဆောင်မှုကရှင်းရှင်းလေးရယ်ပါ သံပုရာနံ့သင်းတဲ့ကော်ဖီခါးစိမ့်စိမ့်ရယ် သူ့အပြုံးချိုနုနုရယ် ဒါပါပဲ ရိုးရှင်းတယ်မလား

ထူးတော့ထူးဆန်းသားရယ်

"ကိုယ့်နာမည်က Min Yoongi  Ko & Rပိုင်ရှင် Seokjinရဲ့သူငယ်ချင်း မင်းကိုယ့်ကိုခင်နိုင်ပါတယ်"ဆိုတဲ့ခပ်မာမာမိတ်ဆက်စကားကိုပင် ကောင်ကလေးက အပြုံးတို့နဲ့ပိတ်သိမ်းခဲ့သည်။

လူချစ်လူခင်များပြီး သဘောမနောကောင်းတဲ့ကောင်လေးက ကျွန်တော့်လိုလူမျိုးနဲ့ပြောင်းပြန်

အခုလည်း လာဝယ်တဲ့customerတွေနဲ့ အဆင်ပြေပြီးပြုံးပျော်လို့

ဒါကြောင့်လည်း ကောင်လေးCafeကလူစည်တာဖြစ်မည်

ကျစ် အပြုံးတွေကိုရက်ရောလွန်းလိုက်တာ ဒီကောင်လေးနှယ်

လူနည်းနည်းရှင်းတော့ ကျွန်တော့်ဆီ Chocolate cakeတစ်ပွဲနဲ့ရောက်လာကာ

"အကိုYoongi ဒါလေးရောစားပါဦး အကို့အတွက်မေတ္တာလက်ဆောင်"

အကြည့်တို့ကို Laptop Screenက‌နေခွာ

ထူးဆန်းသလိုမော့ကြည့်မိတော့

"အံ့ဩသွားတာလား ကျွန်တော်က အကိုနေ့တိုင်းလာအားပေးလို့ လက်ဆောင်ပေးတာပါဗျ ပြီးတော့ အချိုကစိတ်ကြည်‌စေတယ်မလား အကို့ကြည့်ရတာအလုပ်တွေနဲ့ စိတ်ရှုပ်နေတယ်ထင်လို့"

ကျွန်တော်စိုက်ကြည့်မိတော့ ကောင်ကလေးကပြုံးပြနေဆဲ စားပါနော် ကျွန်တော့်cakeလေးကိုစားကြည့်ပါအကို ဆိုတဲ့မျက်ဝန်းလေးနဲ့

As you wishWhere stories live. Discover now