Part 1

664 51 2
                                    

[Zawgyi]

ရှေ့မှာထိုင်ကာ တီတီတာတာတွေပြောနေသည့် မဒီအားကြည့်ကာ Zhang Yixingတစ်ယောက် ခေါင်းတွေမူးလာသည်။ Date ဖို့အရေး ပိုက်ဆံပေးဖို့အရေး ဝေ့လည်ကြောင်ပတ်တွေပြောကာ ကြင်ဖက်တွေ့သလို စကားတွေဖောင်ဖွဲ့နေသည့် မဒီမှာတော့ သူစိတ်ရှုပ်နေသည်ကို မသိတာလား မသိချင်ယောင်ဆောင်နေတာလားတော့မသိ။ ပြောချင်တာတွေစွတ်ပြောနေတော့သည်။

"အဟင်း... လိုရင်းကိုပြောပါနော်... အချိန်သိပ်မရလို့..."

"Arr... တို့စကားတွေအများကြီးပြောမိသွားတယ် ထင်တယ်... အဆင်ပြေရင် ဒီတစ်ပတ်လုံး တို့နဲ့နေပေး... ပိုက်ဆံလဲ လုံလုံလောက်လောက်ဖြစ်စေရပါမယ်... အရေးကြီးတာ တို့နဲ့ Yixingအတူရှိနေဖို့ပဲ..."

ခံစားချက်များကိုသာ ရောင်းစားပြီး ခန္ဓာကိုယ်ကိုမှဲ့တစ်ပေါက်မှ မစွန်းစေခဲ့သော Yixing သည် ထိုစကား၏အဓိပ္ပာယ်ကိုသိနေခဲ့သဖြင့် ငြင်းရန်ပြင်လိုက်သည်။ ထိုအချိန်ခဏအတွင်း တတိယလူပေါ်လာလိမ့်မည်လို့ Yixing လုံးဝမတွေးမိခဲ့။ ခဏတာပျော်ရွှင်မှုနှင့် တစ်ဘဝစာချစ်ခြင်းတရားကို လဲလှယ်ရမည်ဆိုတာသာ သိခဲ့လျှင် ထိုတတိယလူအား ငြင်းခဲ့မလားဆိုတာ Yixing ကိုယ်တိုင်မသိပါ။ သေချာတာကတော့ သူမငြင်းရက်နိုင်ခဲ့လောက်အောင် တတိယလူသည် ချစ်ဖို့ကောင်းနေခဲ့ပါသည်။

"မရပါဘူး... Xing က Jun နဲ့ပဲ Date မှာ... အဒေါ်ကြီးနဲ့ date စရာလား..."

ဆောင့်ဆောင့်အောင့်အောင့်လေးထွက်လာသော ခပ်ချိုချိုအသံလေးက Yixing အံ့ဩသွားဖို့လုံလောက်သည်။ သူ့ဘေးကခုံမှာ ဝင်ထိုင်လိုက်သော ထိုကောင်လေးအား တစ်ခါမှမမြင်ခဲ့ဖူးပါ။ အဖြူလွှလွှ T shirt လေးကို ဂျင်းဘောင်းဘီအတိုလေးနှင့် တွဲဝတ်ထားသော ကောင်လေးက အသက်ရောပြည့်ရဲ့လားမသိ။ ကြည်တောက်တောက် မျက်ဝန်းလေးများနှင့်အတူ စုစုဖူးဖူးနှုတ်ခမ်းတို့က ဒီကောင်လေးကို ချစ်ဖို့ကောင်းသော ယုန်ဖြူလေးဟု တင်စားနေသယောင်။

"ဘယ်သူကို အဒေါ်ကြီးလို့ ခေါ်လိုက်တာလဲ... မင်းဘယ်သူလဲ..."

"အခုကျနော့်ကိုမေးနေတဲ့ အဒေါ်ကြီးကို ခေါ်လိုက်တာလေ..."

My cool breeze ( completed )Where stories live. Discover now