Part 2

246 38 1
                                    

[Zawgyi]

"ဟိတ်... မင်း Date ဖို့လာတာလား... ခိုးရာလိုက်လာတာလား..."

ကျောပိုးအိတ်တစ်လုံး ခရီးဆောင်အိတ်နှစ်လုံး ချကာ ပန်းခြံခုံတန်းလျားတွင် ထိုင်နေသည့် အနှီအကောင်ပေါက်ကို စတွေ့ကထဲက ပြဿနာအိုးလေးမှန်းရိပ်မိသော်လည်း ဒီမျှလောက် ပြဿနာရှာမည်ဟု မထင်ပါ။

"ဒီနေ့ကစပြီး Xing နဲ့လိုက်နေမှာ... သိလား... Jun ကိုလေ အိမ်က သွား... မင်းအိမ်ပေါ်ကဆင်းဆိုပြီး ဟောဒီလို... ဟောဒီလို နှင်ချလိုက်ပြီ... အဟီး..."

လက်ဟန်ခြေဟန်အပြည့်နှင့် ပြောသော အကောင်ပေါက်၏စကားကြောင့် Yixing အဖြစ်မှာ variety show တွေထဲက ကျီးကန်းကြီးနှစ်ကောင်ဖြတ်ပျံသွားသလိုပင်။ ဘယ်မိန်းကလေးကိုမှ အိမ်ကိုမခေါ်ဖူးသော Zhang Yixing သည် ထိုကောင်လေးကိုအိမ်ခေါ်ဖို့ဆိုတာ တစ်ခါမှတောင်မစဉ်းစားမိ။ အိမ်ပေါ်ကဆင်းလာခဲ့ရသဖြင့် ပျော်မြူးနေသော ထိုကောင်လေးကိုလဲ ရာခိုင်နှုန်းပြည့်မယုံပါ။

"ဟုတ်ပြီ... မင်းပေးတဲ့ ချက်လက်မှတ်လဲပြန်ပေးမယ်... ကိုယ့်အိမ်လဲမလိုက်နဲ့တော့... မင်းအိမ်ကိုသာတန်းတန်းမတ်မတ်ပြန်..."

"ဟာ... Zhang Yixing ကြီး ပိန်းဉလာလုပ်နေတယ်... နှင်ချလိုက်ပါပြီဆိုမှ ဘယ်လိုပြန်ရမှာတုန်း... မပြန်ဘူး..."

"မင်းကိုမင်းအိမ်ကနှင်ချလိုက်တာရော ဟုတ်လို့လား အဆိုးလေးရယ်... မင်းကြည့်ရတာ သိပ်မယုံရဘူး..."

"အဟီး... ဉာဏ်ကောင်းသားပဲ... ဟုတ်တယ်... မနှင်ချကြလို့ ဆင်းလာခဲ့တာ..."

"ကဲ... ပြောစမ်းပါဉီး... ဘာလို့ဆင်းလာတာတုန်း..."

"မတန်လို့လေ... မတန်လို့... 1 million တောင်ပေးရပြီး တွဲရုံလေးပဲဆို ဘယ်တန်မလဲ... အဲ့တာကြောင့် အိမ်မှာလိုက်နေပြီး........."

စကားကိုဆက်မပြောဘဲ ပြီတီတီကြီးပြုံးပြလာသော အကောင်ပေါက်ကြောင့် တစ်မိုးအောက်က Zhang Yixing တို့ တံတွေးတောင်မြိုချမိသွားသည်။ ဘုရား... ဘုရား... ဘယ်လိုတွေပြောနေပါလိမ့်...

"Xing ချက်ကျွေးတာတွေစား... ရုပ်ရှင်တွေတူတူကြည့်... အင်း... အဲ့လို တကယ့်ချစ်သူတွေလို နေချင်တာ..."

My cool breeze ( completed )Where stories live. Discover now