Part 3

190 35 1
                                    

[Zawgyi]

အိမ်ကိုရောက်ရောက်ချင်း မိဘတွေကို ဖုန်းဆက်နေသောအဆိုးလေးကြောင့် သူပြုံးလိုက်မိသည်။ အဆိုးလေးနေသည့်အိပ်ခန်းလောက်တောင် ကျယ်ပါ့မလား မသိသော တိုက်ခန်းငယ်လေးတွင် ဒီကောင်လေးဘာလိုက်လုပ်မှန်းမသိ။ မိဘတွေလည်း နိုင်မယ့်ပုံမပေါ်။ သူခေါင်းကိုသာ ဖြည်းဖြည်းခါလိုက်ပြီး မီးဖိုချောင်ဘက်သို့ဝင်လာလိုက်သည်။ ယောက်ျားလေးတစ်ယောက်သာနေသော အိမ်ဖြစ်သဖြင့် မယ်မယ်ရရလဲချက်စားခြင်းမရှိ။ ခေါက်ဆွဲခြောက်ထုပ်တွေသာရှိသည်။

"ဒီညတော့ ခေါက်ဆွဲပြုတ်ပဲစားတော့... အဆိုးလေးရေ..."

အငွေ့တထောင်းထောင်းထနေသော ခေါက်ဆွဲပြုတ်ကိုကြည့်နေသော ကောင်လေး၏အကြည့်က နှစ်ပေါင်းများစွာပျောက်ဆုံးနေသော ရတနာထုပ်ကြီးအားတွေ့လိုက်ရသလိုပင်။

"ခေါက်ဆွဲပြုတ် အခုမှစဖူးတာလား... သွားရည်တွေသုတ်ဦး..."

"အွန်း... မွေးကထဲက ပထမဆုံးစားဖူးတာ..."

Zhang Yixing ထပ်၍အံ့ဩသွားလေသည်။ မွေးကထဲကခေါက်ဆွဲမစားဖူးသောလူတစ်ယောက် သူ့ရှေ့ရောက်နေလေသည်။ ဒီကောင်လေးသည် သူကိုခံစားချက်မျိုးစုံပေးပါသည်။ အထူးသဖြင့် အံ့ဩရခြင်းများစွာပေါ့။

စားပြီးသောက်ပြီး စကားတွေပြောကြသည်။ အများဆုံးကတော့ အဆိုးလေးကြိုက်တတ်သည့် Korea drama များအကြောင်းသာဖြစ်သည်။ မနည်းတော့သောအချိန်ကြောင့် အိပ်ဖို့ပြင်ဆင်ရပြန်တော့...

"အခန်းထဲမှာ သွားအိပ်... ကိုယ်အပြင်မှာအိပ်မယ်..."

"မရပါဘူး... Jun က Xing နဲ့ပဲအိပ်မှာကို..."

"မင်းကိုယ့်ကို နည်းနည်းလေးတောင်မကြောက်ဘူးလား... ဟင်..."

"မကြောက်လို့ဘဲ အိမ်ပေါ်တောင်ရောက်နေပြီကို... အနားမှာ လူမရှိရင်မအိပ်တတ်ဘူးလို့... Zhang Yixing ကြီး... ခင်ဗျား စာနာစိတ်မရှိဘူး... Jun ကိုအနိုင်ကျင့်တယ်..."

ရှုံ့မဲ့မဲ့ဖြစ်လာသော မျက်နှာလေးက မကြာမီပြိုကျတော့မယ့်မိုးလို ဖြစ်နေသည်။ ဤသို့ဖြင့် Zhang Yixing တစ်ယောက် အဆိုးလေးနှင့်အတူတူအိပ်ရန် အကြောင်းဖန်လာခဲ့သည်။ ကျယ်ကျယ်လွင့်လွင့်အိပ်တတ်သော သူသည် တစ်ယောက်ခွဲစာ ကုတင်ပေါ်တွင် ယုန်ဆိုးလေးနှင့် တူတူအိပ်နေရသဖြင့် သိပ်အိပ်မပျော်။ တစ်ယောက်တည်းအိပ်နေကျသူဖြစ်သဖြင့် အကျင့်မဖြစ်သေး။ ထို့ကြောင့် အိပ်မပျော်သည့်အတူတူ ယုန်ဆိုးလေးဘက်ကို စောင်းလိုက်ပြီး မျက်နှာလေးကိုအနီးကပ်ကြည့်နေလိုက်သည်။

My cool breeze ( completed )Where stories live. Discover now