Extra

202 26 0
                                    

[Zawgyi]

ဆောင်းလေက တငွေ့ငွေ့တိုက်ခတ်နေသလို နှင်းမှုန်တွေကလဲ တဖွဲဖွဲကျနေဆဲပါပင်။ Namsan Tower မှာလဲ ပန်းနုရောင်သော့ချိတ်လေးက လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကအတိုင်း အရာမယွင်း။ နောက်တစ်ခေါက်တူတူ ထပ်လာကြမယ်ဆိုတဲ့ ကတိစကားသာ ပျက်ပြယ်ခဲ့ပေမယ့် ချစ်ခြင်းတရားတို့ကတော့ နည်းနည်းလေးတောင် ပျက်ပြယ်ခြင်းမရှိနိုင်။

သူ Tower ပေါ်ကနေ မြို့ရဲ့မြင်ကွင်းတစ်ဆုံးထိလိုက်ကြည့်နေမိသည်။ အရာရာကတိုးတက်ပြောင်းလဲလာခဲ့ပါသည်။ ခံစားချက်များကတော့ မပြောင်းမလဲ အရင်အတိုင်း နွေးတေးတေးလေးကျန်နေဆဲဖြစ်သည်။

ဘယ်သောအခါမှ မပြောင်းလဲခဲ့တဲ့ Ph wallpaper လေးကို တစ်ချက်ကြည့်လိုက်သည်။ မင်းကတော့ သိပါ့မလား လေပြေရေ... ကိုယ်က မင်းအလိုရှိခဲ့တဲ့အတိုင်း အခုထက်ထိပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုဘဝလေးနဲ့အတူ နေထိုင်နေပါတယ်။ ဒီရင်ထဲကနေ စူးစူးနင့်နင့်အော်ဟစ်နေတဲ့ သတိရခြင်းအကြောင်းတရားတွေကို မင်းလေးကြားပါ့မလား လေပြေငယ်... တစ်ရက်မပြတ်ကိုယ်ဟာ မင်းလေးကိုသတိရနေဆဲပါ။

ယုန်ရုပ်လေးတွေမြင်တိုင်းမှာ... ဆိုဂျူဆိုင်ထဲက ချစ်သူစုံတွဲလေးတွေကို မြင်တဲ့အခါ... EXOအဖွဲ့ရဲ့ သီချင်းသံလေးတွေကြားတိုင်းမှာ... ယုတ်စွအဆုံး ကိုယ့်နားကိုလေပြေလေးတွေ တိုက်ခတ်တဲ့အခါ... ကိုယ်ဟာမင်းကို အမှတ်ရနေဆဲပါ။ အမှတ်တရတွေက နည်းခဲ့သလိုရှိပေမယ့် နှလုံးသားတစ်ခုလုံးနဲ့ ရင်းခဲ့တာမို့လို့ ကိုယ်ဟာဒီတစ်သက်တော့ မင်းကိုမေ့ပစ်နိုင်လောက်မယ် မထင်တော့ပါဘူး။

ရီရမယ့်အချိန်မှာရီတယ်။ စားရတဲ့အချိန်မှာစားတယ်။ ပြီးတော့ ငိုရမယ့်အချိန်မှာလဲ အဆက်မပြတ် စီးကျလာတဲ့မျက်ရည်တွေကို မတားဆီးခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ကိုယ်ဟာရှင်သန်သွားဖို့ ဖြစ်လာခဲ့တယ်။ နောက်ထပ်သံသရာတစ်လျှောက် လျှောက်ရမယ့်လမ်းမှာ ကိုယ်တို့ပြန်ဆုံတွေ့ကြမယ်ဆိုရင် ပြီးပြည့်စုံတဲ့ချစ်ခြင်းတရားရဲ့ လက်ကိုဆွဲပြီး ခရီးလမ်းအရှည်ကြီးကို တူတူလျှောက်ကြရအောင်။

"လေးလေး Yixingရေ... ပြန်ကြရအောင်..."

အဝေးကနေလှမ်းခေါ်နေတဲ့ တူ နဲ့ တူမနှစ်ယောက်ကို လှမ်းခေါင်းငြိမ့်ပြလိုက်သည်။ တစ်နှစ်မှပျက်ကွက်ခြင်းမရှိဘဲ ရောက်အောင်လာခဲ့သည့် ကိုရီးယားမြေ၊ ချစ်ခြင်းတရားကို မြှုပ်နှံခဲ့သည့် ဒီမြေကိုနောက်နှစ်မှာလဲ သူထပ်ရောက်အောင်လာပါဦးမည်။ ဒါဟာ ရပ်တန့်မသွားတဲ့ ချစ်ခြင်းတရားကို ကိုယ်စားပြုတယ်လို့ သူမှတ်ယူထားတယ်လေ။

My cool breeze ( completed )Where stories live. Discover now