Part 10

124 28 1
                                    

[Zawgyi]

Junက Xingကိုမချစ်ဘူး... ဆိုသော စကားကိုတောင်ကြားဖို့ သတ္တိမရှိလှသော Yixingက ချစ်တယ်လို့ပြောပြီးပြီးချင်းမှာ လှည့်ထွက်လာခဲ့သည်။ ထို့နောက် ဦးတည်ရာမဲ့လျှောက်သွားနေရင်း ပြဿနာရှာခံခဲ့ရသော ပန်းခြံလေးထဲလဲရောက်ခဲ့သည်။ သို့သော် သူ့ကိုကုန်းပိုးခိုင်းသော အဆိုးလေးကဘေးနားမှာရှိမနေ။

ကစားကွင်းကိုရောက်တော့လည်း ကစားမက်သောကောင်လေးက သူ့နားမှာရှိမနေခဲ့။ Namsan Tower ပေါ်ကိုရောက်တော့ သူတို့ချိတ်ခဲ့တဲ့သော့ချိတ်လေးက အရာမယွင်း။ နောက်ထပ်တူတူလာကြမယ်ဆိုတဲ့ စာသားလေးကလဲ အထင်အရှား။ ဆိုဂျူဆိုင်လေးကိုရောက်ချိန်မှာလည်း မူးပြီးငုတ်တုတ်ထိုင်နေတတ်သည့် ကောင်လေးက သူ့ရှေ့မှာထိုင်မနေတော့။

အရာအားလုံးက အရင်အတိုင်းပဲ... ဘာမှမပြောင်းလဲသွားဘူး... ဒါပေမယ့်လေ ကိုယ့်အနားမှာတော့ မင်းမရှိနေခဲ့ဘူး... အဲ့တာနဲ့တင် ရင်ဘတ်ထဲက တဆစ်ဆစ်နာကျင်ရတယ်... ကိုယ်လောဘသိပ်ကြီးသွားတာများလား...

တစ်ခွက်ပြီးတစ်ခွက်မော့သောက်ရင်း ဒဏ်ရာကိုကုစားလို့ရလိုရညား ကြိုးစားကြည့်ပြန်တော့ ပိုသတိရတာကလွဲရင် အပြောင်းအလဲမရှိ။

ချစ်တယ်တဲ့လား... အဟက်... သူ့ကိုသိပ်ချစ်လို့ပါတဲ့လား... အဲ့တာဆိုကိုယ်ကရော... မင်းကိုသိပ်ချစ်တဲ့ကိုယ်ကရော...

Aww... ဟုတ်သားပဲ... ကိုယ်မြတ်နိုးရတဲ့ မင်းနှုတ်ခမ်းနုနုလေးကိုယ်တိုင်ကိုက ပြောခဲ့တာပဲ... ပိုက်ဆံပေးပြီး အပျော်ရှာတယ်တဲ့... အင်း... ကိုယ်ကသေလောက်အောင်ချစ်လဲ မင်းအတွက်က အပျော်ရှာတဲ့အဆင့်ပဲရှိတာပဲ... အား... မင်းမှန်သားပဲ အချစ်ရယ်... မင်းမှန်တာကိုပြောရဲ့သားနဲ့ ကိုယ်ကဘာလို့များ အဲ့လောက်နာကျင်ရတာပါလိမ့်...

ငါးပုလင်းမြောက်သောက်ပြီးချိန်မှာတော့ သူထထွက်လာခဲ့သည်။ သူမသွားဖြစ်သေးသောနေရာရှိသည်။ အမှတ်တရအားလုံးဖြစ်တည်နေသောနေရာ။ အိမ်။

လူတွေကနာကျင်မှုကို ကြောက်ကြတယ်သာပြောတာ နာကျင်ရတဲ့အချစ်ကိုတော့ မြတ်မြတ်နိုးနိုးတန်ဖိုးထားတတ်ကြတယ်... နာကျင်နေတယ်ဆိုတာတောင် ရင်ထဲမှာ သိမ်းဆည်းထားတတ်ကြသေးတာပဲမလား... သူလဲအဲ့လိုပဲ... အချစ်ကြောင့် နာကျင်နေတာတောင် ဒီအချစ်ကိုရူးရူးမူးမူးဖက်တွယ်ထားချင်တာ...

My cool breeze ( completed )Where stories live. Discover now