Part 11

127 27 2
                                    

[Zawgyi]

စာကြည့်ခန်း သို့မဟုတ် အလုပ်ခန်းဟုဆိုနိုင်သော အခန်းကျယ်အတွင်း လူတစ်ယောက်ဟာ ဓာတ်ပုံလေးတစ်ပုံကို ကြည့်ရင်းထိုင်နေခဲ့သည်။ ယူကြုံးမရခြင်း ကြေကွဲခြင်းများစွာ နစ်ဝင်နေသောမျက်ရည်ကြည်များကလည်း တစ်စက်ချင်းလှိမ့်ဆင်းလာသည်။ ဓာတ်ပုံလေးကတော့ သိပ်ကိုကြည့်ကောင်းသော ကောင်လေးတစ်ယောက်က ချစ်ဖို့ကောင်းလွန်းသောကောင်လေးတစ်ယောက်ကို နောက်ကနေသိုင်းဖက်ထားသော ပုံလေးဖြစ်သည်။

ထိုစဉ် တံခါးခေါက်သံတိုးတိုးကို ကြားလိုက်ရသောကြောင့် သူ့မျက်ရည်များကို အလျင်စလိုပင်သုတ်ပစ်လိုက်သည်။ "ဝင်လာခဲ့ပါ" လို့ပြောလိုက်သော သူ့စကားရဲ့နောက်တွင် တံခါးကိုတွန်းဖွင့်ကာ ဝင်လာသော ပုံရိပ်လေးက ဘယ်လိုမှအားရစရာမရှိ။

"Hyung... Minho Hyung..."

သူ့နာမည်ကိုခေါ်ပြီး ရှိုက်ကြီးတငင်ငိုကြွေးသော ကလေးငယ်ကိုသူအလျင်အမြန် ပြေးဖက်လိုက်ရသည်။

"Hyung... ဘယ်လိုလုပ်ရမလဲဟင်... သူကလေ ချစ်တယ်တဲ့သိလား... သူကလေ... သူက... အား... ဘာလို့လဲ... ဘာလို့များ ကံကြမ္မာက... အဲ့လောက်ထိ... အဲ့လောက်ထိ..."

နှစ်ပေါင်းများစွာ ချုပ်ထိန်းခဲ့တဲ့ ဒီကလေးရဲ့နာကျင်မှုတွေက အခုချိန်မှပွင့်ထွက်လာသည့်နှယ် Minho အတင်းဖက်ထားသည့်ကြားကပင် ထိုကလေးက ရင်ဘတ်ကိုထုကာ နာနာကျင်ကျင်ငိုကြွေးနေပြန်သည်။

မွေးရာပါ SCID လို့ခေါ်တဲ့ အပြင်းအထန်ကိုယ်ခံအားနည်းရောဂါကြောင့် ထိုကလေးကိုမွေးပြီး တစ်နှစ်လောက်အကြာ London မှာရောဂါကုဖို့အတွက် မွေးရပ်မြေကိုစွန့်ပြီး တစ်ပါးရပ်ခြားမှာ နေခဲ့ရတယ်... ရိုးတွင်းခြင်ဆီလဲလှယ်မှုတွေ များစွာသောကုသခြင်းတွေကြားမှာ ညီလေးသက်တမ်းစေ့ရှင်သန်နိုင်မယ်လို့ ထင်ခဲ့တယ်... သူတို့နှစ်ယောက်ရဲ့ မိဘတွေရောပေါ့... ကြွယ်ဝချမ်းသာသူတွေကသာ ပျော်ရွှင်နိုင်ကြမယ်လို့ ထင်တဲ့သူတွေက အမှားကြီးမှားကြတာပဲ... သုံးမကုန်တဲ့ကြွယ်ဝမှုတွေ ပိုင်ဆိုင်ပေမယ့် အပြည့်အဝမပျော်ရွှင်နိုင်တဲ့သူတွေလည်း ရှိပါတယ်... သူတို့မိသားစုလိုပေါ့...

My cool breeze ( completed )Where stories live. Discover now