Par 16

141 23 5
                                    

[Zawgyi]

တစ်နေ့တစ်နေ့အိမ်ထဲမှာပဲ နေနေရတဲ့အချိန်တိုင်းမှာ ကောင်လေးကတစ်နေရာထဲကို ဦးတည်ပြီး သွားချင်နေလေသည်။

"Hyung... လိုက်ပို့ပေးမလား..."

Minhoက သက်ပြင်းချရင်းစဉ်းစားနေမိသည်။ ဒီအခြေနေနဲ့ အပြင်ကိုသွားချင်နေသည့် ကလေးအားအပြစ်မတင်ရက်သော်လည်း ခွင့်လဲမပြုချင်ပေ။ အချိန်မရွေးကြွေသွားနိုင်သည့် ပွင့်ဖတ်လေးသည် အင်မတန်မှ သန်မာဟန်ဆောင်တတ်သည်။

"Hyungရယ်... အဲ့မှာလေ စောင့်နေရတဲ့သူရှိတယ်လို့ ခံစားနေရတယ်..."

တစ်ချက်တစ်ချက်သတိလွတ်တတ်သော ကလေးက တစ်ခါတလေအမှတ်တရတချို့ကို မေ့သွားတာမျိုးဖြစ်တတ်သည်။

"လုပ်ပါ Hyung ရဲ့... လိုက်ပို့ပါနော်..."

..................

ပန်းခြံထဲက ခုံတန်းရှည်တစ်ခုတွင် ရေခဲမုန့်သွားဝယ်သောအစ်ကိုကို စောင့်နေသောကောင်လေးတစ်ယောက်ရှိလေသည်။ ထိုကောင်လေးက အောက်စီဂျင်ပိုက်လေးတပ်လျက်နှင့်ပင် အနီးနားကဆော့နေသော ကလေးများကိုငေးကြည့်နေသည်။ တစ်ခါတစ်ခါစီးကျလာသော မျက်ရည်စက်များကိုလဲ ခပ်မြန်မြန်ပင်လက်နှင့်သုတ်တတ်သေးသည်။ ထိုအချိန်တွင်...

အမှတ်တရတွေိထဲက Tinkerbell နောက်ကိုလိုက်သွားရင်း Neverland မှာ ကိုယ်မင်းလေးကို လာရှာမယ်...

အဲ့ဒီနေရာမှာ မင်းလေးနဲ့ကိုယ်က တစ်ယောက်ကိုတစ်ယောက်ပြုံးပြနေကြမှာ...

ကိုယ်က မင်းရဲ့ထာဝရ Peter Pan ပါ... အဲ့နေရာမှာပဲ အချိန်တွေကိုရပ်တန့်ပစ်ခဲ့တဲ့ မင်းရဲ့ကောင်လေး

သီချင်းသံခပ်မြူးမြူးလေးကိုကြားလိုက်ရတဲ့အတွက် ထိုကောင်လေးက သီချင်းသံကြားရာကိုအကြည့်ရောက်သွားလေသည်။ ဖြူဖွေးနေသည့် လူတစ်ရပ်စာလောက်မြင့်သည့် ယုန်ရုပ်ကြီးက မိုးပျံပူဖောင်းတွေကိုကိုင်ထားရင်း သူ့ဆီဦးတည်လျှောက်လာတာကို မြင်လိုက်တော့ ထိုကောင်လေးရဲ့ မျက်နှာမှာ ခပ်ချိုချိုအပြုံးတစ်ခုဖြစ်ပေါ်လာသည်။ ကခုန်နေသည့် ယုန်ရုပ်ကြီးနားကို ခုနကဆော့နေသည့် ကလေးများက တဖြေးဖြေးပြေးလာကြသဖြင့် ယုန်ရုပ်ကြီးက သူ့လက်ထဲမှာရှိနေသော ပူဖောင်းတွေကို ကလေးတစ်ယောက်စီအား ဝေပေးလိုက်သည်။

My cool breeze ( completed )Where stories live. Discover now