Part 13

123 31 2
                                    

[Zawgyi]

ခန်းမထဲကို မဝင်ခင်စိတ်လှုပ်ရှားနေသော သတို့သားကြီးကို Yixing ကြည့်ကာ ပြုံးလိုက်မိသည်။ မနေ့က သူတို့မိသားစုကို ကိုယ်တိုင်လာကြိုသော Chanyeolက သူနဲ့အချိန်အတော်ကြာအနေဝေးနေခဲ့သော်လည်း တကယ့်ကိုငယ်ပေါင်းကြီးဖော်များအတိုင်းပင် ခင်မြဲခင်ဆဲပါပင်။ ဖော်ရွေတတ်သောသူငယ်ချင်းသတို့သားကြီးက အငြိမ်မနေနိုင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်လုပ်နေသောကြောင့် Yixingက စိတ်ငြိမ်သွားဖို့ စကားပြောရန်ကြံရပါတော့သည်။

"Yeollie... Honey moon ဘယ်သွားမှာလဲ..."

"ဒီရက်ပိုင်း ခွင့်မရပါဘူးကွာ... သိတယ်မလား... ငါတို့အခြေနေကို..."

မနေ့ကပဲ Bachelor night မှာ မူးမူးနှင့် Yeollie ပြောသွားသော "ဆရာဝန်တွေရဲ့ဘဝက လူနာတွေပိုင်တာပါ" ဟူသောစကားကို ပြန်ကြားယောင်လိုက်မိပြီး လက်ထပ်ကြမည့်နှစ်ယောက်စလုံးက ဆရာဝန်ဖြစ်နေသောကြောင့် ခွင့်ယူဖို့ခက်သောအခြေနေကို Yixing စိတ်မကောင်းဖြစ်မိသွားသည်။

ထိုစဉ်...

"သတို့သားနှစ်ယောက် နေရာယူလို့ရပါပြီ..."

အခမ်းနားမှူး၏ ဩဇာညောင်းသော အသံနောက်တွင် Chanyeolကလဲ အဝတ်လဲခန်းမှထွက်သွားပြီး Yixingကလဲ နေရာသို့ပြန်ထိုင်လိုက်ရသည်။

ခန်းမထဲသို့ တစ်လှမ်းချင်းလျှောက်လာသော သတို့သားနှစ်ယောက်က တကယ်ကိုလိုက်ဖက်ပါသည်။ တစ်ယောက်ကိုတစ်ယောက် တစ်ချက်တစ်ချက် ပြုံးကြည့်ရင်း လျှောက်လာပုံက လူတိုင်းကို ကြည်နူးစေသည်။

ဟိုကောင်လေးရော...သူချစ်တဲ့သူရဲ့ ရင်ခွင်ထဲမှာ ပျော်နေမှာလား... ဒီလိုပဲ အပြိုင်အဆိုင်ပြုံးရင်း ကိုယ်မဟုတ်ခဲ့တဲ့ ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေးရှိနေမှာလား...

Yixingက ဆွေးလို့ကောင်းနေချိန်မှာတော့ ဟိုသတို့သားနှစ်ယောက်က ကျမ်းကျိန်ပြီးနမ်းတောင်နမ်းနေကြပြီ။ ပြီးတော့ ဧည့်သည်တွေကို လိုက်နှုတ်ဆက်ရင်း Yixingတို့ ဝိုင်းကိုရောက်လာသည်။ ထုံးစံအတိုင်း နှစ်ယောက်လုံးက ပြုံးစိစိရုပ်တွေနှင့်။ ဒီနေ့က မင်္ဂလာပွဲမို့လို့ ပြုံးပျော်နေကြတာမဟုတ်။ သူတို့နှစ်ယောက်က အချိန်တိုင်းစပ်ဖြဲဖြဲပင်။ သူ့တို့လူနာတွေကတော့ ဆရာဝန်နှစ်ယောက်ရဲ့ အပြုံးနဲ့တင် ရောဂါတစ်ဝက်လောက်ပျောက်သွားနိုင်သည်။

My cool breeze ( completed )Where stories live. Discover now