part 3(z/u)

279 20 4
                                    


Zawgyi

ကျင်းလင် ၊ စစ်ကျွေး တို့နဲ့ နေ့လည်စာစားပီး
အခန်းပြန်လာခဲ့ကြသည်...

ကျင်းလင် နှာစေးမည်ကြောက်တာနဲ့
စစ်ကျွေး တို့ပေးတဲ့ ဆေးသောက်ကာ
တရေးအိပ်လိုက်သည်...

အက်မှာဇာတ်လမ်းကစတာပဲ...

"အား...ဗိုက်အောင့်လိုက်တာ"

ကျင်းလင် တယောက် အိပ်နေရင်း
ဗိုက်အောင့်တဲ့ ဝေသနာကြောင့်
နိုးထလာသည်....

"ဘာလို့ အရမ်းအောင့်နေတာလဲ
ငါဘာ စားမိလို့များလဲ ဘာမှလဲ
အစားမမှားပါဘူး ဘလို ဖြစ်တာလဲ"

တယောက်ထဲ စဉ်းစားရင်း ပွစိပွစိနဲ့
ရေရွှတ်နေမိသည်.....

နာရီ ကြည့်မိတော့ 3နာရီခွဲနေပီ...

"ကျင်းချန် လဲ ပြန်မရောက်သေး ပါလား
ဘယ်သွားနေပါလိမ့်"

"အမလေး ဗိုက်အောင့်လို့ သေတော့မယ်"

အော်ပီး ရေချိုးခန်းထဲ ပြေးဝင်ရသေးသည်...

ဟက်ချိုး ဟက်ချိုး အမလေးဟ

ငါဆေးသောက်ထားတာကို ဘာဖြစ်လို့
နှာတေချီနေရတာလဲ နေအုံး ဆေးဆေး
ဟုတ်တယ် အမလေး...

"ဒါဟို ဖအေပေးလေးတွေ လက်ချက်"

ဒေါက် ဒေါက် ဒေါက်

"ကျင်းလင် မင်းအထဲမှာလား"

"ကျင်းချန် ကျင်းချန် ပြန်ရောက်ပီလား "

"အင်း မင်းဘာလုပ်နေတာလဲ
ငါရှုးပေါက် မလို့ မြန်မြန်လုပ်"

"ငါ ငါ ဝမ်းလျှောနေလို့ ဟ ငါကို
ကယ်ပါအုံး "

"ဟမ် အေး အေး ငါဆေးသွားဝယ်ပေးမယ်"

"အင်း ကျေးဇူးပါကွာ "

ခနကြာသော်....

ဒေါက်ဒေါက်ဒေါက်

"ကျင်းလင် တံခါးဖွင့် ဆေးရပီ
ရေကောထည့်ပေးထားတယ်"

"အင်း ခနလေး လက်ဆေးလိုက်အုံးမယ်"

"အင်းအင်း "

ကျင်းလင် တယောက် တံခါးဘောင်ကို
မှီကာ...

"ပေး"

"ရော့ မင်းမနက်ကျရင်တော့
သက်သာမှာပါ သောက်ပီးရင်
အိပ်လိုက် စာအုပ်တွေ ဘာတွေက
မနက်မြန်အတွက် ထည့်ပီး ပီလား"

စတာ ချစ်လို့စတာကျီစားတာ(စတာ ချစ်လို့စတာကျီစားတာ♥)Where stories live. Discover now