part 24(z/u)

130 12 3
                                    


Zawgyi

"တောက် !!!သျှားပဲ"

"ဟမ် ဘာဖြစ်လာတာလဲ "

ကျင်းလင် ခုနမှထွက်သွားသော
ကျင်းချန် က ဒေါသပုံထကာ
ပြန်ရောက်လာမို့ မေးလိုက်သည်...

"ရှင်းရှင်း ကို ကျောင်းပြောင်းအောင်
လုပ်လိုက်တာ သျှားတဲ့"

ကျင်းရီ နဲ့ စစ်ကျွေး နားမလည်တော့ပါ...

"သူတို့မှာ အဲ့လိုလုပ်ပိုင်ခွင့်မှ
မရှိပဲ ငါတို့မှာတောင်မရှိဘူးလေ
ဖြစ်နိုင်လို့လား "

ကျင်းရီ မေးလိုက်သည်...

ဟုတ်တယ် သူတို့မှာတောင်
မရှိတာကို အဲ့ဟာလေးတေက
လုပ်နိုင်တယ်ဆိုတာကတော့
မဖြစ်နိုင်တာကြီးမဟုတ်လား...

"မသိတော့ဘူး သူများတေက
အက်လိုပဲ ပြောနေကြတာ "

ပြောပီး ကျင်းချန် အခန်းထဲ
ဝင်သွားလေသည်...

ကျင်းလင် သူ့ရှေ့ကနှစ်ယောက်ကို
မျက်မှောင်လေးကျုံ့၍အလိုမကျသည့်
့်ပုံလေးဖြင့်ကြည့်လိုက်သည်...

စစ်ကျွေး ရဲ့ ဖြေရှင်းချက်ကတော့...

"ဘာပဲဖြစ်ဖြစ် ငါတို့လုပ်တာ
မဟုတ်ဘူး နော် "

ကျင်းလင် ဘာပြောရမှန်းမသိတော့ဘူး
သူမှားပီး စိတ်ဆိုးနေတာမဟုတ်လား...

"ယုံကြည် သင့်လား"

ရီရင်း ပြောလာသော ကျင်းရီ...

"ယုံပါ"

ကျင်းလင် လူတေနဲ့ မတွေ့ချင်သေးတာမို့...

"အင်း ညနေစာမစားတော့ဘူး
မင်းတို့ ကို့ဟာကို ပဲ သွားစားလိုက်ကြတော့"

"နေ့လည်ကတည်းက မင်း
ဘာမှ မစားရသေးဘူး မဟုတ်လား "

ကျင်းရီမေးလိုက်သည်...

"မစားချင်လို့ မုန့်ပဲစားလိုက်တော့မယ်"

စစ်ကျွေး နားလည်တာမို့...

"အင်းပါ မနက်ကျလာခေါ်မယ်
စောင့်နေ"

"အေး "

ပြန်ဖြေပီး အခန်းထဲ ဝင်သွားသော
ကျင်းလင်...

"သွားမယ် "

စတာ ချစ်လို့စတာကျီစားတာ(စတာ ချစ်လို့စတာကျီစားတာ♥)Where stories live. Discover now