part 28(z/u)

133 11 0
                                    

Zawgyi

ကျင်းလင် ကျောင်းပိတ်ရက်
အိမ်ပြန်လာခဲ့သည်...

စီးကြိုနေခဲ့တာကတော့
ဒေါသထွက်နေတဲ့ ပါးနဲ့
စားပွဲ ပေါ်မှ သူနဲ့ စစ်ကျွေး ၊ ကျင်းရီ တို့
သုံးယောက်ပုံတွေ...

"ပြောစမ်း အဲ့ဒါဘာတေလဲ
အားလင် "

ကျင်းလင် ကြောက်မိသည်...

ဒါပေမဲ့ သူရင်ဆိုင်ရမည်...

"စိတ်လျော့ပါ ကိုရယ် အားလင်
အက်တာ တကယ်ပဲ လား"

မားက အေးဆေးစွာ
မေးလာတာမို့...

"သား...ဟုတ်တယ် ကျနော် တို့က
ချစ်သူတွေ "

သားဖြစ်သူရဲ့ စကားကြောင့်
ကျင်းဇီရွှမ်း ဒေါသထွက်မိသာ်...

သူ့ကို ကျောင်းထားတာ အဲ့လို
သူများပြောခံရတဲ့ ဘဝရောက်အောင်
နေဖို့မှ မဟုတ်တာ...

"မင်းရူးနေလား အားလင်
ဒါမှမဟုတ် မင်း ဦးနောက်တေ
သေသွားတာလား ဟမ်"

"ဟင့်အင်း "

ကျင်းလင် ခေါင်းခါမိသည်...

သူမရူးပါဘူး ဘာဖြစ်လို့လဲ...

ဒါက အချစ်ပဲလေ အချစ်က
ကောင်းတဲ့အရာပဲ မဟုတ်လား
ဘာလို့လက်ခံမပေးရတာလဲ...

"သူတို့နဲ့ အဆက်သွယ် ဖြတ်
ကျောင်းလဲ သွားမနေနဲ့တော့
အိမ်မှာပဲနေရမယ် ဘယ်ကိုမှ
မသွားရဘူး "

မလုပ်နိုင်ပါ...

"အဲ့လိုဆို သားအိမ်ပြန်မလာတော့ဘူး
ပါး နဲ့ မားက သားကို နားလည်ပေမယ်လို့
ထင်ခဲ့တာ ပါးတို့ အမြဲတမ်း
အလုပ်ကိစ္စနဲ့ခရီးသွားနေကြတယ်
ကျနော် ဘလောက်အထီးကျန်နေလဲ
မသိကြဘူး ကျနော်သူတို့နဲ့
နေရတာပျော်တယ် သူတို့က
ကျနော် ကို ဂရုစိုက်တယ်
ကျနော် သူတို့ကို ချစ်တယ်"

ကျင်းဇီရွှမ်း ပြောနေတဲ့ထဲက
ပြန်ပြောနေသော သားဖြစ်သူ
ရိုက်လိုက်မိသည်...

"ကျင်းရူလန် "ဖြောင်း'ဒုန်း'

ရိုက်လိုက်တာအားပါသွားတာမို့
ကျင်းလင် လဲကျပီး စားပွဲခုံနဲ့
ခေါင်းနဲ့ တိုက်မိသွားသည်...

စတာ ချစ်လို့စတာကျီစားတာ(စတာ ချစ်လို့စတာကျီစားတာ♥)Where stories live. Discover now