part 22(z/u)

131 13 0
                                    

Zawgyi

.

"ကိုကို "!!!

ဗွန်း... !

ဖြောင်း... !

ရှင်းရှင်း မနေ့ကမှ လမ်းခွဲစကား
ပြောသွားသောမိမိချစ်သူက ယခု
ကျင်းလင် နဲ့ အတူတူထိုင်နေတာမို့
ကျင်းလင် ကို ရေနဲ့ပတ်လိုက်ပေမဲ့
ပတ်လိုက်မိတာက ကျင်းချန်...

သူဘာမှမပြောနိုင်ခင်မှာပဲ
သူ့ပါးပေါ်ကျရောက်လာတဲ့
လက်ဝါးတဖက်...

ထိုသူက မိမိတို့အခန်းထဲမှ
အမွှာထဲကအငယ် သျှိုင်း...

ရှင်းရှင်း ဒေါသထွက်ကာ မေးလိုက်သည်...

"နင်ငါ့ကို ဘာလို့ရိုက်တာလဲ"

"နင် ကိုကို့ကို ဘာလို့
ရေနဲ့ပတ်တာလဲ ဟမ် "!!

သျှိင်း ရှင်းရှင်း ဆိုသော
မိမိတို့ အခန်းဖော်ကို
ပြန်မေးလိုက်လေသည်...

"ငါ့ရည်းစား ကို စနိုက်ကျော်တဲ့
အခြောက်ကောင် ကျင်းရူလန် ကို
ပတ်တာလေ သူ့ဟာသူ ဝင်ခံတာ"!

ဘသူကတော့ ရေနဲ့ပတ်မှာကို
သိသိကြီးနဲ့ ဝင်ခံမလဲ...

သျှိုင်း ပြန်မပြေလိုက်ခင်မှာပဲ
ဖြတ်ပြောလိုက်သော ကျင်းလင်...

သူဘာမှဆက်မပြောတော့ပဲ
ကျင်းချန် ကိုအဆောင်ပြန်ကာ
အဝတ်စားလဲစေလိုက်သည်...

အဖြစ်ပျက်အားလုံးက မြန်တာမို့
ကျင်းလင် နဲ့ စန်းလန်တို့ လိုက်မမီပါ
ဒါပေမယ့် ကျင်းလင် သူ့နမယ်ပါလာတာမို့...

"မင်း ! မဟုတ်တာမပြောနဲ
အခုချက်ခြင်း ပြန်တောင်းပန်
ရင်ကောင်းမယ် "!

သူမက တော့တောင်းပန်ဖို့
အစီစဉ်မရှိ ပါ...

"ငါကဘာကိစ္စ တောင်းပန်ရမှာလဲ
ငါ့ရည်းစားကို စနိုက်ကျော်တာက
ဘသူလဲ"

ကျင်းလင် အတွက် သူပြောလာတဲ့
စကားက မရီရတဲ့ ဟာသတခုလိုသာ...

"အော် အတူတူထိုင်ပီး
စကားပြောတာနဲ့ ပဲ
စနိုက်ကျော်တယ်
ဖြစ်သွားရောလား
အံ့သြလို့တောင် အစမဆုံးဘူး"

"ဟက်'အက်လိုကနေ
စကြတာပဲမဟုတ်ဘူးလား"

"ငါတော့ မလုပ်ဖူးလို့ မသိဘူး
နင်လုပ်ဖူးလို့လား"

စတာ ချစ်လို့စတာကျီစားတာ(စတာ ချစ်လို့စတာကျီစားတာ♥)Where stories live. Discover now