Part 13(z/u)

151 14 2
                                    


Zawgyi

ကျင်းလင် ညနေ2နာရီလောက်မှ
အိပ်ရာနိုးသည်...

ကျင်းလင် သန်းရင်း....

ကျင်းလင် "ဝွှား ငါတော်တော်
အိပ်ပျော်သွားတာပဲ အယ် ဖုန်းရော"

*တနေနေရာမှာ ရှိမှာပါလေ*

ကျင်းလင် အိမ်အောက်ထပ်ဆင်းလာပီး
တွေ့တဲ့ အလုပ်သမား တယောက် ကို

ကျင်းလင် "ဟို ကျနော် ဖုန်းတွေ့မိသေးလား"

"ဟုတ် ထမင်းစားပွဲပေါ်ကဟာလားမသိဘူး"

ကျင်းလင် "ဟုတ်သားပဲ ထမင်းစားရင်း
ကျန်ခဲ့တာနေမှာ"

ကျင်းလင် ဖုန်းကို ဖွင့်လိုက်တော့
ပါဝါပိတ်နေတာမို့ အားသွင်းထားလိုက်ပီး
TVကြည့်နေလိုက်ကာ ညစာစားပီး
အိပ်လ်ုက်သည်...

ထိုနေ့က တနေကုန် ညထိ ဖုန်းမကြည့်ဖြစ်...

...................

ဒီနေ့တော့ ကျင်းရီ နဲ့ စစ်ကျွေး
အမိုက်ကောက်ရမယ့်နေ့ပင်

မနက်စာစားပီးကတည်းက
စပီးလုပ်ကြရတော့သည်...

လန်အိမ်တော်ရဲ့ ခြံထဲမှာ
အမိုက်မရှိပေမဲ့ သစ်ရွက်ခြောက်တွေကို
ကောက်ခိုင်းတာမို့ သက်သာမယ်
မထင်နဲ့ တရွက်ကောက်လိုက်
အမိုက်အိပ်ထဲသွားထည့်လိုက်
နောက်တရွက်ကောက်လိုက်
သွားထည့်လိုက်နဲ့ လုပ်ရတာမို့
အသေပင်ပန်းသည်...

စစ်ကျွေး "အိုး လေရယ် မတိုက်ပါနဲ့တော့
တောင်းပန်ပါတယ် "

စစ်ကျွေး အမိုက်ကောက်ရင်း
လေတိုက်တိုင်း သစ်ရွက်တွေ က
ထပ်ထပ်ကြွေနေတာမို့
စိတ်မရှည်စွာပြောလိုက်သည်...

ကျင်းရီ "ကောက်ကောက် club
သွားရချင်းရဲ့ အကျိုး "

စစ်ကျွေး "ကျင်းလင် ကျတော့
အပြစ်မပေးခံရဘူးနော်"

ကျင်းရီ "အင်း လုပ်စရာရှိတာလုပ် "

ကျင်းလင် အကြောင်းပြောရင်
ပိုပီးဝမ်းနည်းလာတာမို့ ကျင်းရီ
စကားလမ်းကြောင်း လွှဲလိုက်သည်...

စစ်ကျွေး "အင်း ပီးရင် game
ဆော့ကြမယ် "

ကျင်းရီ "My goat is dirty "

စတာ ချစ်လို့စတာကျီစားတာ(စတာ ချစ်လို့စတာကျီစားတာ♥)Where stories live. Discover now