part 23(z/u)

126 13 0
                                    

Zawgyi

"ကျင်းလင် ကျင်းလင်
ကျင်းလင် ထတော့ ညနေရောက်နေပီ
မအိပ်နဲ့တော့ နေမကောင်းဖြစ်မယ်"

ကျင်းလင် အိပ်နေတာ
နေ့လည်ကတည်းက အခု
ညနေကျောင်းဆင်းလို့ ကျင်းချန်
ပြန်လာတဲ့အထိမနိုးသေးတာမို့
နိုးတဲ့ကျင်းချန်ရဲ့ အသံကြောင့်
ကျင်းလင် နိုးလာခဲ့သည်...

"အင်း ညနေတောင် ရောက်ပီလား"

ကျင်းချန် ရှင်းရှင်း အကြောင်း
ပြောပြလိုက်သည်...

"အေးလေ ဒါနဲ့ နေ့လည်က
မင်းကို ပြသနာရှာတဲ့ ရှင်းရှင်း
ဆိုတဲ့တယောက် လေ သူ
ကျောင်းပြောင်းသွားပီ သိလား"

"ငါအိပ်နေတာ ဘလိုလုပ်သိမှာလဲ"

အော် အေးပါ...

"အင်း ငါ့ကောင်လေးတေနဲ့
ချိန်းထားလို့ သွားတော့မယ်
ပြန်အိပ်မနေနဲ့အုံး"

"အေးပါ "

ကျင်းချန် ထွက်သွားမှ ကျင်းလင်
အိပ်ရာပေါ်မှထကာရေချိုးခန်းထဲသို့
ဝင်လိုက်ပီး လန်းဆန်းစေရန်
ရေချိုးလိုက်သည်...

ရေချိုးအဝတ်လဲပီး
ညနေစာစားဖို့ အပြင်သွားဖို့ ပြင်တုန်း...
'ဒေါက် ' ဒေါက် ' ဒေါက် '

"ကျင်းလင် "!

ကျင်းလင် တံခါးဖွင့်လိုက်ပီး...

"ဘာလဲ "

"အယ် ညစာစားဖို့ လာခေါ်တာကို
အက်လိုထူးရလား"

ကျင်းရီ မကျေနပ်စွာ မေးလိုက်သည်...

"နေကောင်းသွားပြီလား "

စစ်ကျွေး မေးတာကို
ကျင်းလင် က စဉ်းစားရင်း...

"ငါက ဘယ်တုန်းက နေမကောင်းလို့လဲ"

ကျင်းရီ မျက်စောင်းထိုးကာ...

"နေ့လည်ကလေ မင်းပဲ
Massage ပို့တာလေ
မဟုတ်မှ... "

မပြောပဲ ရပ်နေတာမို့...

"ဘာလဲ "

ကျင်းရီ စလိုက်သည်...

"မင်း Ro.1ရတယ်ဆိုပီး
ဘဝင်လေဟပ်သွားတာလား"

ကျင်းလင် ရဲ့ မျက်စောင်းလှလှလေးနဲ့
အတူ ဆဲသံလေးပါ ကပ်ပါလာခဲ့သည်...

စတာ ချစ်လို့စတာကျီစားတာ(စတာ ချစ်လို့စတာကျီစားတာ♥)Where stories live. Discover now