part 27(z/u)

124 10 0
                                    

Zawgyi

.

(Roဆန်မူ့ပေါင်း သောင်းခြောက်ထောင်နဲ့)

"အခု ဘာလုပ်ကြမှာလဲ "

ကျင်းရီ မေးလိုက်သည်...

စစ်ကျွေး နားမလည်ပါ
ချိန်းတွေ့တာ ကို သူက
ဘာလုပ်ချင်သေးတာလဲ...

"ဟမ်"!

ကျင်းလင် အားကျိုးမာန်တက်
ပြန်ဖြေလိုက်တာက...

"ကစားကွင်း သွားကြမလား "တဲ့...

ကျင်းရီ မျက်စောင်းထိုးကာ...

"မင်းက ကလေးလား"

ကျင်းလင် ပြန်မေးလိုက်သည်...

"အဆို ဘယ်သွားမှာလဲ "

ကျင်းရီ ဖြေတာက...

"ဂိမ်းရုံ "

စစ်ကျွေး ဝင်ပြောလိုက်သည်...

"ကစားကွင်း နဲ့ ဘာကွာလို့လဲ"

ကျင်းရီ စစ်ကျွေး ကို...

"မင်းပြောကြည့် ဘယ်သွားမလဲ"

စစ်ကျွေး ပြုံးလိုက်ကာ...

"Club သွားကြမယ်"

အေးအဲ့မှာ club နေလိုက်...

ကျင်းရီ ရွဲ့ပြောလိုက်သည်...

"ရူးနေလား ချိန်းတွေ့ပါတယ်ဆို
မင်းဖေ club က အခုမှ မနက်
9ခွဲရှိသေးတယ် ဖွင့်မနေဘူး"

အခုမှအိပ်ရာထပီးလိုက်လာတဲ့
ကျင်းလင် ကတော့ ထအော်တော့သည်...

"အား..မသိတော့ဘူး အခု အရင်ဆုံး
တခုခုသွားစားရအောင် ငါမနက်စာ
မစားရသေးဘူး ဟ"

စစ်ကျွေး အကြံရသွားသည်...

"အင်း မနက်စာစားရင်း
စဉ်းစားကြတာပေါ့"

ကားမောင်းတဲ့ ကျင်းရီ မေးလိုက်သည်...

"ဘယ်ဆိုင်သွား မှာလဲ"

"စားလို့မသေရင်ပီးရော
စားလို့ရတဲ့ဆိုင်ဆို okတယ်"

ကျင်းလင် အဖြေကတော့ အက်လိုပါပဲ...

ကျင်းရီ တခုစဉ်းစားမိသွားသည်...

"ပီးရင် ဘုရားကျောင်းသွားကြမလား"

စတာ ချစ်လို့စတာကျီစားတာ(စတာ ချစ်လို့စတာကျီစားတာ♥)Where stories live. Discover now